ရှေ့သို့
Image

ဒဏ်ရာကနေ မန်ဒီပြန်လာတာက အသင်းအတွက် ကြီးမားတဲ့ အထောက်အကူဖြစ်တယ်လို့ ဇင်ချန်ကိုဆို

5:38 PM, 18 September

မန်စီးတီးကစားသမား ဇင်ချန်ကိုက အသင်းဖော် မန်ဒီ လေ့ကျင့်ခန်းအပြည့်အ၀ ဆင်းနိုင်ခဲ့တာက အသင်းအတွက် ကြီးမားတဲ့ အထောက်အကူကို ဖြစ်ပေါ်စေတယ်လို့ ပြောကြားသွားခဲ့ပါတယ်။

မန်ဒီဟာ ဒူးဒဏ်ရာကြောင့် မေလကတည်းက အနားယူနေရတာဖြစ်ပြီး မန်စီးတီးအသင်းရဲ့ ရာသီကြိုပွဲစဉ်တွေကို လွဲချော်ခဲ့ပါတယ်။

မန်ဒီဟာ အီတီဟက်ဒ်ကို ၂၀၁၇ခုနှစ်က ရောက်ရှိလာချိန်ကနေစပြီး ဒဏ်ရာတွေနဲ့သာ ရုန်းကန်နေခဲ့ရပြီး ပွဲစဉ် ၈၅ပွဲလောက်ကို လွဲချော်ခဲ့ပါတယ်။

ဇင်ချန်ကိုက“သူပြန်လာတဲ့အတွက် ကျွန်တော်အရမ်းပျော်နေပါတယ်။ သူအသင်းမှာ ကစားခွင့်ပျောက်ခဲ့တာ ကြာပြီဖြစ်ပါတယ်။ ဒါပေမဲ့ အားလုံးကတော့ သူက ကစားသမားကောင်းတစ်ယောက်ဆိုတာ သိပါတယ်။ သူက ကျွန်တော်တို့အတွက် အရေးကြီးတဲ့ ကစားသမားတစ်ယောက်ဖြစ်ပြီး သူ့လိုကစားသမားမျိုးကို လာမယ့်ပွဲစဉ်တွေအတွက် လိုအပ်ပါတယ်”လို့ ပြောခဲ့ပါတယ်။

ဇင်ချန်ကိုဟာ ချန်ပီယံလိဂ် အဖွင့်ပွဲစဉ်မှာ ငယ်စဉ်က ကစားခဲ့တဲ့ ရှက်တာဒိုးနက်အသင်းနဲ့ ပြန်လည်ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

အလားတူ ကန်ဆယ်လို၊ အိန်ဂျယ်လီနိုနဲ့ စကော့ကာဆန်တို့လည်း ယူကရိန်းကိုသွားရောက်တဲ့ လူစာရင်းမှာ ပါဝင်ခဲ့ပေမဲ့ ဖိုဒန်ကတော့ ကြံ့ခိုင်မှုပြဿနကြောင့် လွဲချော်ခဲ့ပါတယ်။

#မန်စီးတီး #ဇင္ခ်န္ကို