ရှေ့သို့
Image

မန်ယူသို့ ရိုက်စ်က ပေါင်သန်း ၉၀ဖြင့် ရောက်ရှိဖို့လား ? ဝက်စ်ဟမ်းရဲ့ ကွင်းလယ်ကစားသမားဟာ အဲ့ဒီလောက် ပမာဏအထိ တန်ကြေးရှိမယ်လို့ မသေချာနေတဲ့ နဗီးလ်

10:33 AM, 18 September

ရိုက်စ်ဟာ ပေါင်သန်း ၉၀ဖြင့်ခေါ်ယူမည့် မန်ယူအသင်းရဲ့ ပစ်မှတ်ဖြစ်ဖို့အတွက် အလားအလာရှိနေကာ ဂယ်ရီနဗီးလ်ကတော့ ဝက်စ်ဟမ်းအသင်းရဲ့ ကွင်းလယ်ကစားသမားဟာ အဲ့ဒီလောက်အထိ တန်ကြေးမရှိဘူးလို့ ထင်နေပါတယ်။

ဝက်စ်ဟမ်းအကယ်ဒမီထွက် အသက် ၂၀ အရွယ်ကစားသမားဟာ လွန်ခဲ့တဲ့ ၁၂ လလောက်ကတည်းက အရည်အချင်းရှိတဲ့ ကစားသမားတစ်ယောက်အဖြစ် ပေါ်ထွက်လာတာဖြစ်ပါတယ်။

ပယ်လီဂရီနီရဲ့ အစီစဉ်ထဲမှာတော့ သူဟာ ခံစစ်ပိုင်းအတွက်မဟုတ်ဘဲ အင်္ဂလန်အသင်းရဲ့ လူစာရင်းတွင်ပါဝင်ဖို့ အတွက် ကြိုးစားနေတဲ့အချိန်မှာတော့ ရိုက်စ်ကို ပရီးမီးယားလိဂ်မှာရှိတဲ့ အသင်းကြီးတွေက ခေါ်ယူဖို့အတွက် စိတ် ဝင်စားနေကြပါတယ်။

ယူနိုက်တက်ဟာ ကစားသမားကို စောင့်ကြည့်နေတဲ့အသင်းတွေထဲက တစ်သင်းဖြစ်ပြီး အရည်အချင်းရှိ ပြည်တွင်းကစားသမားကို ခေါ်ယူဖို့အတွက် အပြည့်အ၀ အာရုံစိုက်နေတာဖြစ်ပါတယ်။

သူ့ရဲ့ အသင်းဟောင်းသို့ ရိုက်စ်ရောက်ရှိနိုင်တဲ့ အလားအလာရှိတာကိုတော့ နဗီးလ်က မြင်နေတာဖြစ်သော်လည်း လူငယ်ကစားသမားရဲ့  ပြောင်းရွေ့ကြေးနှင့်ပတ်သတ်ပြီး မေးမြန်းရာမှာတော့ ''ကျွန်တော်ဆိုလိုချင်တာက ခင်ဗျားက  ဝက်စ်ဟမ်းကနေ သူ့ကိုခေါ်ယူဖို့အတွက် ပေါင်သန်း ၈၀၊ ၉၀ လောက် ပေးရမှာကို ပြောချင်တာလား ''လို့ စကိုင်းပေါ့စ်သို့ ပြောခဲ့ပါတယ်။

''ဒီနှစ်မှာ ဇာဟာအတွက် အဲဗာတန်က ပေါင်သန်း ၇၀ဖြင့် ကမ်းလှမ်းတာကို ကျွန်တော်တို့တွေ့ခဲ့ရပါတယ်။ အခုတော့ ဝက်စ်ဟမ်း၊ ခရစ္စတယ်ပဲလေ့တို့က ကစားသမားတွေကိုခေါ်ယူဖို့ဆိုတာက မလွယ်ကူတော့ပါဘူး။ ကျွန်တော်ပြောချင်တာက ပေါင်သန်း ၈၀၊ ၉၀ ကိုပါ ၊ အခုတော့အချိန်မှာတော့ အဲ့ဒီလောက်အထိပေးဖို့ အတွက် မထင်မိပါဘူး။ ကျွန်တော်ကတော့ နောက် ၁၀ နှစ်အတွင်း တိုးတက်ဖို့အတွက် အလားအလာရှိတဲ့သူကိုပဲ ရှာမှာ ပါ။ ကျွန်တော်ကတော့ အဲ့ဒီလိုပဲလုပ်မှာပါ ''

''ယူနိုက်တက်က နောက်ထပ်ကစားသမားလိုလားဆိုတော့ ယူနိုက်တက်မှာ ဝက်စ်ဟမ်းအတွက် ရိုက်စ် ကစားနေတဲ့နေရာမျိုးမှာ ကစားနေတဲ့ မာတစ်နှင့် တွန်မီနေးတို့ ရှိပါတယ်။ အင်္ဂလန်အကြောင်းကိုပြောမယ်ဆိုရင်လည်း ကမ္ဘာ့ဖလားပွဲတွေ၊ ဥရောပ ချန်ပီယံရှစ်ပွဲတွေ၊ ပရီးမီးယားလိဂ်ပွဲ  တွေမှာ လီဗာပူးလ်အသင်းက ဖာဘင်ဟိုကတော့ အကောင်းဆုံးဖြစ်ကာ ဘတ်စ်ကွတ်စ်ကလည်း ကောင်းမွန်တဲ့ ကစားသမားပါပဲ ''

''အခုအချိန်မှာတော့ ဖာဘင်ဟိုဟာ အကောင်းဆုံးလို့ ကျွန်တော်ထင်ပါတယ်။ ပွဲတွေမှာ သူဟာ နောက်တန်းမှာ ထိုင်ပြီး မကစားပါဘူး။ ကွင်းလယ်ခံစစ်ကစားသမားတစ်ယောက်က ရေပြင်ညီ အလျားလိုက်ပဲ ကစားကာ ဘောလုံးကို ဖြတ်ထုတ်ပါတယ်။ သို့သော်လည်း ဖာဘင်ဟိုကတော့ တိုက်စစ်ပိုင်းအထိပါ လိုက်လံကစားပါတယ်''

'' သူ့ရဲ့ ပေးပို့မှုများနှင့်အတူ တိုက်စစ်ပိုင်းအထိ ကစားပြီး ခံစစ်တွင်လည်း အကောင်းဆုံးကစားပါတယ်။ ကွင်းလယ်ခံစစ် ကစားသမားဆိုတာက ဖြတ်တင်မှုတွေကို တားဆီးရုံသာမက တိုက်စစ်ကိုလည်း အကောင်းဆုံး ပုံဖော်ပေး နိုင်ရမယ်လို့ ကျွန်တော်ထင်ပါတယ် ''

''ကျွန်တော်ဟာ ဆိုးရွားတဲ့ပွဲတွေရဲ့ ကွင်းလယ်မှာလည်းကစားဖူးပါတယ်။ ကျွန်တော်ဟာ နောက်တန်း ကစားသမား တစ်ယောက်ဖြစ်သော်လည်း တစ်ခါတစ်ရံမှာ ကွင်းလယ်အထိလိုက်လံကစားပြီး တိုက်စစ်ပိုင်းအတွက်ကို ပံ့ပိုးပေးပါတယ်၊ ကျွန်တော့်နောက်မှာဘယ်သူရှိမလဲ စဉ်းစားကြည့်လိုက်ပေါ့ ''

'' ကောင်းမွန်တဲ့ ကစားသမားတစ်ယောက်ဆိုတာ သူတို့ဟာ ဘာတာဝန်တွေကိုယူထားရလဲဆိုတာကို သိကြပါ တယ် '' လို့ ဂယ်ရီနဗီးလ် ကပြောပါတယ်။

#ရိုက်စ်