ရှေ့သို့
Image

လီဗာပူးအနေနဲ့ ချန်ပီယံလိဂ်ဖလားမှန်းဖို့ အရမ်းစောသေးကြောင်း ဟန်ဒါဆန်ပြောကြား

5:09 PM, 17 September

လီဗာပူးအသင်းခေါင်းဆောက် ဂျော်ဒန် ဟန်ဒါဆန်က လီဗာပူးအနေနဲ့ ချန်ပီယံလိဂ်ဖလားမှန်းဖို့ အရမ်းစောနေသေးကြောင်း ပြောကြားသွားခဲ့ပါတယ်။

လီဗာပူးအသင်းဟာ ယနေ့မှာညမှာတော့ ချန်ပီယံလိဂ် အဖွင့်ပွဲစဉ်အဖြစ် နာပိုလီအသင်းကို အဝေးကွင်းမှာ သွားရောက်ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

ဒါပေမယ့် လီဗာပူးအသင်းဟာ ၂ကြိမ်ဆက် ချန်ပီယံလိဂ်ဆုဖလားကို ရယူနိုင်ဖို့ ရေပန်းစားနေပြီး ဟန်ဒါဆန်ကတော့ လာမယ့်ပွဲစဉ်တွေအတွက်သာ အာရုံစိုက်ထားကြောင်း ပြောကြားခဲ့ပါတယ်။

“ဒီလိုစကားမျိုးပြောဖို့ဆိုတာ အရမ်းစောပါသေးတယ်။ ကျွန်တော်တို့ ရာသီအစမှာ အကောင်းဆုံး ကစားနိုင်ခဲ့ပြီး အဲ့ဒီလိုမျိုး ပုံစံကောင်း ဆက်ပြနိုင်ဖို့ပဲ လိုပါတယ်။ ကျွန်တော်တို့ ဒီထက်ပိုပြီ တိုးတက်လာမယ်လို့ ထင်ပါတယ်။ နာပိုလီနဲ့ ပွဲစဉ်မှာ ကျွန်တော်တို့ အကောင်းဆုံး ပေးဆပ်ကစားသွားမှာပါ”လို့ ဟန်ဒါဆန်က ပြောခဲ့ပါတယ်။

လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ်မှာ အကောင်းဆုံးရလဒ်တွေရရှိထားပြီး ၅ပွဲကစား ၅ပွဲအနိုင်ရကာ ဇယားထိပ်ဆုံးမှာ ဦးဆောင်နေခဲ့ပါတယ်။

ဆက်လက်ပြီး ဟန်ဒါဆန်က “ကျွန်တော်တို့ကို ရင်ဆိုင်ရတဲ့ အသင်းတိုင်းက အနိုင်ရချင်မှာပါပဲ။ ဒါက ကျွန်တော်တို့အတွက်လည်း တူတူပါပဲ။ သူတို့က အသင်းကောင်းတစ်သင်းဖြစ်ပေမယ့် ကျွန်တော်တို့ ပွဲကို အနိုင်ရရှိဖို့ အခွင့်အရေးတွေကို ဖန်တီးသွားမှာပါ”လို့ ဆိုပါတယ်။

တိုက်စစ်မှူး အိုရီဂီ ဒဏ်ရာရရှိသွားတာကြောင့် လူငယ်ကစားသမား ရီဟန် ဘရုးစတားအတွက် အခွင့်အရေးတစ်ခု ရရှိသွားတယ်လို့ ဟန်ဒါဆန်က ဆိုခဲ့ပါတယ်။

“ရီဟန်က ရာသီကြိုပွဲစဉ်တွေမှာ အကောင်းဆုံး ခြေစွမ်းရခဲ့သလို လေ့ကျင့်ရေးကွင်းမှာလည်း အထူးခြေစွမ်းပြထားပါတယ်။ ဒါ ကျွန်တော်တို့အတွက် ရွေးချယ်စရာ တစ်ခုပါပဲ။ ကျွန်တော်တို့ လူစာရင်းအတွက် အားတစ်ရပ်ဖြစ်စေမှာဖြစ်ပြီး သူဒီအတိုင်း ဆက်ကြိုးစားဖို့ပဲ လိုပါတယ်”လို့ ဟန်ဒါဆန်က ပြောသွားခဲ့ပါတယ်။

#လီဗာပူး #ဟန်ဒါဆန်