ရှေ့သို့
Image

မန်စီးတီးအသင်းကို အနိုင်ရရှိခဲ့တဲ့ပွဲစဉ်အပြီးမှာ ကစားသမားခေါ်ယူရေးအကြီးအကဲကို ညစာဖိတ်ကျွေးခဲ့တဲ့ နောဝစ်ခ်ျပိုင်ရှင်

1:14 PM, 17 September

နောဝစ်ခ်ျစီးတီးအသင်းပိုင်ရှင် စမစ် နဲ့ မိုက်ကယ် ၀ိန်းဂျုံးစ်တို့ကတော့ မန်စီးတီးအသင်းကို အနိုင်ရရှိခဲ့တဲ့ပွဲစဉ်အပြီးမှာ အသင်းရဲ့ကစားသမားခေါ်ယူရေးအကြီးအကဲ နဲ့ ဇနီးကို သူတို့ရဲ့အိမ်မှာ ညစာဖိတ်ကျွေးခဲ့ပါတယ်။

အဆိုပါပွဲစဉ်ရဲ့ လူစာရင်းမှာတော့ နောဝစ်ခ်ျစီးတီးအသင်းလူစာရင်းတန်ဖိုးက  ပေါင် ၆.၄၅ သန်းသာရှိပြီး စီးတီးအသင်း လူစာရင်းတန်ဖိုးက ပေါင် ၄၀၆.၁ သန်း အထိကွာဟနေတာဖြစ်ပါတယ်။

ကစားသမားအပြောင်းအရွှေ့အကြီးအကဲ ကီရန် စကော့ဟာ နွေရာသီအပြောင်းအရွှေ့မှာ ဘူရန်ဒီကို ပေါင် ၁.၅ သန်း ၊ တိုက်စစ်မှူး ပက်ကီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ အသင်းထံခေါ်ယူခဲ့ပြီး အဆိုပါကစားသမား ၂ဦးဟာ စီးတီးအသင်းနဲ့ပွဲစဉ်မှာ ခြေစွမ်းပြကစားနိုင်ခဲ့ပါတယ်။

အသင်းပိုင်ရှင် စမစ် နဲ့  ဂျုံးစ်တို့ကတော့ နည်းပြ ဖာကီ ၊ အားကစားဒါရိုက်တာ စတူးအပ် ၀ီဘာတို့နဲ့ အကောင်းဆုံး အလုပ်တွဲလုပ်ခဲ့တဲ့ စကော့ကို ကျေးဇူးတင်နေတာဖြစ်ပါတယ်။

စကော့ လက်ရှိ နောဝစ်ခ်ျစီးတီးအသင်းကစားသမားခေါ်ယူရေးရာထူးကို ၂၀၁၇ ခုနှစ် မေလတုန်းက တာဝန်ယူခဲ့တာဖြစ်ကာ မက်စ်လိန်း ၊ ပက်ကီ ၊  ဘူရန်ဒီတို့ကို ခေါ်ယူပေးခဲ့ပါတယ်။

နွေရာသီအပြောင်းအရွှေ့မှာတော့ နောဝစ်ခ်ျအသင်းဟာ အက်စတွန်ဗီလာ ၊ ရှက်ဖီးလ်တို့နဲ့အတူ တန်းတက်လာခဲ့ပြီး အက်စတွန်ဗီလာကတော့ ပေါင် ၁၃၇.၅ သန်း ၊ ရှက်ဖီးလ်ယူနိုက်က  ပေါင် ၄၁.၅ သန်း နဲ့  နောဝစ်ခ်ျကတော့ ပေါင် ၅.၁ သန်းသာ အသုံးပြုထားခဲ့ပါတယ်။

#မနျစီးတီး #နောဝစ်ခ်ျ