ရှေ့သို့
Image

ဖီဖာ၂၀၂၀မှာ ဒီထက်ပိုကောင်းတဲ့ Rating ရရှိသင့်တယ်လို့ အေဘရာဟမ် ငြီးတွား

4:56 PM, 16 September

ချဲလ်ဆီး တိုက်စစ်မှူး အေဘရာဟမ်ဟာ ဖီဖာ၂၀၂၀မှာ ဒီထက်ပိုကောင်းတဲ့ Rating တစ်ခု ရရှိသင့်တယ်လို့ ပြောတဲ့ ကစားသမားတွေထဲမှာ တစ်ဦးဖြစ်လာခဲ့ပါတယ်။

 အေဘရာဟမ်ဟာ နည်းပြသစ်  လမ်းပတ်ရဲ့ လက်အောက်မှာ အကောင်းဆုံး ခြေစွမ်းပြနေပြီး ၀ုဗ်နဲ့ပွဲစဉ်မှာ ဟက်ထရစ် သွင်းယူခဲ့ပြီးနောက် ပရီးမီးယားလိဂ် သွင်းဂိုး ၇ဂိုးအထိ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

ပရီးမီယားလိဂ်မှာ အကောင်းဆုံး ခြေစွမ်းပြနေပေမယ့် ဖီဖာ၂၀မှာတော့ pace 74 သာ ရှိခဲ့ပြီး အေဘရာဟမ်က ဒီထက် ပိုလိုချင်ခဲ့တာ ဖြစ်ပါတယ်။ အေဘရာဟမ်ဟာ လွန်ခဲ့တဲ့ ၁နှစ်က Rating ၈၂ရရှိထားတာကြောင့် တော်တော်လေး ကျဆင်းခဲ့တာ မြင်တွေ့ခဲ့ရပါတယ်။

ဖီဖာ၂၀၂၀ရဲ့ Rating တွေကို မေးခွန်းထုတ်ခဲ့သူများထဲမှာ ဆန်ချိုလည်း ပါဝင်ခဲ့သလို သူ့ရဲ့ ဘောလုံးပေးပို့မှု Skillအပေါ် မေးခွန်းထုတ်ခဲ့ပါတယ်။

အလားတူ လက်စတာအသင်းကလည်း နောက်ခံလူ ၀က်စ်မော်ဂန်ရဲ့ ပြေးနှုန်း ဖီဖာမှာ နည်းပါးနေတာကြောင့် ဗီဒီယိုတင်ပြီး ပြေးအားနည်းပါးခြင်း မရှိကြောင်း သက်သေပြခဲ့ပါသေးတယ်။

#ဖီဖာ #အေဘရာဟမ်