ရှေ့သို့
Image

ပွဲမပြီးခင်မှာ ၀က်ဖို့ဒ်ပရိသတ်တွေကို သွားပြောင်ခဲ့တဲ့ ဂွမ်ဒိုဇီ သူ့ရှူးသူပြန်ပက်

8:13 AM, 16 September

ယမန်နေ့ညက ကစားခဲ့တဲ့ အာဆင်နယ်-၀က်ဖို့ဒ်ပွဲစဉ်မှာ အာဆင်နယ် ကွင်းလယ်လူ ဂွမ်ဒိုဇီတစ်ယောက် ၂-၁နဲ့ အနိုင်ရနေချိန်မှာ လူစားလဲခံခဲ့ရပြီးနောက် ၀က်ဖို့ဒ်ပရိသတ်အချို့ရဲ့ လှောင်ပြောင်ခြင်းကို ခံခဲ့ရပါတယ်။ အဆိုပါ လှောင်ပြောင်မှုကို ဂွမ်ဒိုဇီက ၂-၁နဲ့ သူ့အသင်းက နိုင်နေကြောင်း လက်အမူအရာနဲ့ ပြသပြီး ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။

ဒါပေမယ့် နောက်ခံလူ ဒေးဗစ်လုဇ်ရဲ့ ပင်နယ်တီ ဧရိယာအတွင်း ပါရဲရားကို ဖြတ်ထုတ်မှုကြောင့် ပင်နယ်တီပြန်ပေးခံခဲ့ရပြီး ပွဲအပြီးမှာ ၂ဂိုးစီ သရေရလဒ်သာ ထွက်ပေါ်ခဲ့ပါတယ်။ ဂွမ်ဒိုဇီ ပွဲချိန် ၆၆မိနစ်မှာ ပြုလုပ်ခဲ့တဲ့ လှောင်ပြောင်မှုက ၁၀မိနစ်သာခံပြီး အဆိုပါ လှောင်ပြောင်မှုက ၀က်ဖို့ဒ် ပရိသတ်တွေ ပြောစရာတစ်အခုအဖြစ် ကျန်ရှိခဲ့ပါတယ်။

ဝက်ဖို့ဒ်အသင်းဟာ ၃မှတ်ရရှိဖို့ အခွင့်အရေး အကြိမ်ကြိမ် ရရှိခဲ့ပေမယ့် ကလီဗာလေ၊ ဒူကူရေးနဲ့ ဒယ်လိုဖူတို့ လွဲချော်ခဲ့လို့သာ နိုင်ပွဲနဲ့ လွဲချော်ခဲ့ရတာ ဖြစ်ပါတယ်။ ဒါကြောင့် ၀က်ဖို့ဒ်အသင်းဟာ ရမှတ် ၂မှတ်နဲ့ ဇယားအောက်ဆုံးမှာသာ ရှိနေပြီး အာဆင်နယ်အသင်းကတော့ အဆင့်၇မှာ ရပ်တည်လျက် ရှိနေပါတယ်။

#ဂွမ်ဒိုဇီ