ရှေ့သို့
Image

တရုတ်စူပါလိဂ်မှာ အကောင်းဆုံးသွင်းဂိုးတစ်ဂိုးကိုသွင်းယူပြခဲ့တဲ့ အီရန် ဇာဟာဗီ

1:47 PM, 15 September

တရုတ်စူပါလိဂ် ကွမ်ကျိုးအသင်းတိုက်စစ်မှူးကတော့ နောက်ဆုံးမိနစ်မှာ အသင်းအတွက် အလွန်တရာလှပတဲ့ ကန်ချက်နဲ့ အနိုင်ဂိုးကို သွင်းယူပေးခဲ့ပြီး အခုတစ်ပတ်ရဲ့အလှပဆုံးသွင်းဂိုးတွေထဲမှာ ပါဝင်လာခဲ့ပါတယ်။

အခုတစ်ပတ်မှာတော့ ချဲလ်ဆီးနောက်ခံလူ တိုမိုရီက  ၃၅ ကိုက်အကွာကနေ လှပတဲ့ကန်ချက်နဲ့ သွင်းယူခဲ့သလို လီဗာပူးတိုက်စစ်မှူး ဖာမီနိုကလည်း ဆာလတ်ရဲ့သွင်းဂိုးကို နောက်ပေါက်နဲ့ လှလှပပဖန်တီးပေးခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် လက်ရှိ ကွမ်ကျိုးတိုက်စစ်မှူး အီရန် ဇာဟာဗီကလည်း နောက်ပေါက်ကန်ချက်နဲ့ ဒီအပတ်ရဲ့အကောင်းဆုံးသွင်းဂိုးတစ်ဂိုး သွင်းယူပြခဲ့ပါတယ်။
တစ်ဖက် ၁ ဂိုးဆီသရေကျနေချိန်မှာ တိုက်စစ်မှူး ဇာဟာဗီရဲ့သွင်းဂိုးက အနိုင် ၃ မှတ်လည်းဖြစ်ခဲ့သလို အတော်လေးလှပတဲ့သွင်းဂိုးတစ်ဂိုးလည်းဖြစ်စေခဲ့ပါတယ်။

တွစ်တာအသုံးပြုသူတွေကတော့ သူ့ရဲ့ကျွမ်းကျင်တဲ့ နည်းစနစ်ပိုင်းကို ချီးကျူးခဲ့ကြတာဖြစ်ပါတယ်။
ဇာဟာဗီကတော့ လက်ရှိအချိန်အထိသူ့ရဲ့ခြေစွမ်းကိုဆက်လက်ထိန်းသိမ်းထားနိုင်ပြီး ခြေစွမ်းကောင်းတွေဆက်တိုက်ပြသနေပါတယ်။

အဆိုပါ ပါလာမိုကစားသမားဟောင်းဟာ တရုတ်လိဂ်မှာ ၉၃ ပွဲကစားထားပြီး ၈၃ ဂိုးအထိသွင်းယူထားနိုင်ခဲ့ပါတယ်။
ထို့အပြင် သူဟာ ဟာပိုးလ်အသင်းမှာကစားခဲ့တဲ့ ၂၀၁၃ ကနေ ၂၀၁၆ ခုနှစ်အတွင်းမှာလည်း ၁၂၀ ပွဲမှာ ၉၈ ဂိုးအထိသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

လက်ရှိကလပ်အသင်းရဲ့ပုံစံကောင်းကိုလည်းဆက်လက်ထိန်းသိမ်းထားပြီး ယူရို ၂၀၂၀ ပြိုင်ပွဲမှာ အစ္စရေးအသင်းနဲ့အတူ ခြေစွမ်းကောင်းတွေဆက်တိုက်ပြသနေပါတယ်။

#လီဗာပူး #ဇာဟာ