ရှေ့သို့
Image

ဆန်ချိုကိုခေါ်ယူဖို့ အာဆင်နယ်အသင်းကို တိုက်တွန်းလိုက်တဲ့ မာဆင်

1:17 AM, 15 September

ဒေါ့မွန်အသင်းမှာ ပုံစံကောင်းတွေပြသနေတဲ့ တောင်ပံကစားသမား ဆန်ချိုကို ပရီးမီးယားလိဂ်ကလပ်အသင်းကြီးတွေက ခေါ်ယူဖို့ပစ်မှတ်ထားလာပါတယ်။


အဆိုပါတောင်ပံကစားသမားကို မန်ယူ နဲ့  အသင်းဟောင်း စီးတီးအသင်းတို့ကခေါ်ယူဖို့ ပစ်မှတ်ထားလာပြီး မ ပေါလ်မာဆင်ကတော့ အာဆင်နယ်အသင်းအနေနဲ့ ခေါ်ယူသင့်တယ်လို့ တိုက်တွန်းလိုက်ပါတယ်။


“ကျွန်တော်ဂျာမန်ပွဲတွေကိုကြည့်ဖြစ်ပါတယ်။ ခက်ခဲကြမ်းတမ်းတဲ့လိဂ်တစ်ခုပါ။ ဆန်ချိုတစ်ယောက် အင်္ဂလန်မြေကနေ ဂျာမန်မြေမှာ ခြေစွမ်းကောင်းတွေပြသနေပါတယ်။ ကျွန်တော်သူ့ရဲ့ယုံကြည်မှုအပြည့်နဲ့ကစားတဲ့ဟန်ကိုကြိက်နှစ်သက်နေပါတယ်။ သူဟာ ပွဲကိုကောင်းကောင်းဖတ်နိုင်သလို နေရာယူတာတွေ ကျော်ဖြတ်တာတွေလည်းကောင်းပါတယ်”လို့ မာဆင်က ပြောပါတယ်။


“သူ (ဆန်ချို) အင်္ဂလန်မြေကိုပြန်လာတာ ကျွန်တော်မြင်ချင်ပါတယ်။ ဇန်န၀ါရီမှာတော့ မဖြစ်နိုင်လောက်ပါဘူး။ ယူနိုက်တက်ကလည်း ခေါ်ယူဖို့ ပြင်ဆင်နေပါတယ်။ မန်စီးတီးနဲ့လည်း အတူတူပါပဲ။ အာဆင်နယ်လည်း ခေါ်ယူသင့်ပါတယ်”လို့ မာဆင်က ပြောကြားခဲ့ပါတယ်။


အာဆင်နယ်အသင်းဟာ လက်ရှိအပြောင်းအရွှေ့ရာသီမှာ လူအင်အားဖြည့်တင်းမှုတော်တော်များများပြုလုပ်ထားပြီး နစ်ကိုလပ်စ် ပီပီကို ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၇၂ သန်းနဲ့ ခေါ်ယူထားခဲ့တာဖြစ်ပါတယ်။

#ဆန်ချို