ရှေ့သို့
Image

အေးဂျင့်ဖြစ်သူကို ထုတ်ပယ်ခဲ့တဲ့ ဇာဟာရဲ့ အေးဂျင့်သစ် ဖြစ်လာဖွယ် ရှိနေတဲ့ ရိုင်းအိုလာ

5:45 PM, 14 September

စူပါအေးဂျင့် ရိုင်းအိုလာဟာ ခရစ္စတယ်ပဲလေ့စ် တောင်ပံကစားသမား ၀ီဖရိုင်း ဇာဟာရဲ့ အေးဂျင့်သစ်ဖြစ်လာနိုင်တယ်လို့ သတင်းတွေအရ သိရပါတယ်။

ပေါ့ဂ်ဘာ၊ လူကာကူတို့လို နာမည်ကျော် အပြောင်းအရွှေ့တွေကို ပြုလုပ်ခဲ့တဲ့ ရိုင်းအိုလာက အသင်းပြောင်းရွှေ့ချင်နေတဲ့ ဇာဟာအတွက်တော့ စိတ်ဝင်စားစရာ ဖြစ်လာခဲ့တာပါ။

ဇာဟာ ဟာ နွေရာသီအပြောင်းအရွှေ့မှာ အာဆင်နယ်ကို ပြောင်းရွှေ့ဖို့ ကြိုးစားခဲံပေမယ့် ဖြစ်မြောက်လာခြင်းမရှိပဲ သူ့ရဲ့ အေးဂျင့်ဖြစ်သူ USM ကုပ္မဏီကို အားမရဖြစ်ကာ လမ်းခွဲခဲ့တာ ဖြစ်ပါတယ်။

ဇာဟာက အသင်းက ထွက်ခွာခွင့်တောင်းခဲ့ပြီး ပဲလေ့စ်က ပြောင်းရွှေ့ကြေးကို လျော့ချဖို့ ငြင်းပယ်ခဲ့တာကြောင့် အာဆင်နယ်အသင်းက နီကိုးလက်စ် ပီပီကို ခေါ်ယူသွားခဲ့တာပါ။

ရိုင်းအိုလာကတော့ နာမည်ကြီး အေးဂျင့်တစ်ယောက်ဖြစ်ပြီး အီဘရာဟီမိုဗစ်၊ ဘာလော့တယ်လီ၊ ဒီလစ်ခ်ျနဲ့ အင်စီဂနီတို့ရဲ့ အပြောင်းအရွှေ့တွေကို ချုပ်ကိုင်ထားခဲ့ပါတယ်။

#ဇာဟာ