ရှေ့သို့
Image

မန်စီးတီးနဲ့ပွဲကို ကစားသမား (၁၁)ဦးအထိ လွဲချော်သွားမယ့် နောဝစ်ခ်ျအသင်း

4:45 PM, 14 September

နောဝစ်ခ်ျအသင်းဟာ မန်စီးတီးအသင်းနဲ့ ပွဲစဉ်မတိုင်မီ နောက်တန်းကစားသမား အားလုံးနီးနီးပါး ဒဏ်ရာရရှိနေတာကြောင့် ကြီးမားတဲ့ ပြဿနာနဲ့ ရင်ဆိုင်နေရပြီ ဖြစ်ပါတယ်။

မန်စီးတီးနဲ့ ပွဲစဉ်မတိုင်မီ အသင်းရဲ့ တရားဝင်ထုတ်ပြန်ချက်မှာ ကစားသမား ၁၁ဦးအထိ ဒဏ်ရာရရှိနေခဲ့တာ ဖြစ်ပါတယ်။

အဓိက ကစားသမားတွေဖြစ်တဲ့ အာရွန်စ်၊ တင်မ်ကလို့စ်၊ ဇင်မာမန်း၊ ဟန်လေနဲ့ ဂေါ့ဖရေး နောက်တန်းတစ်သိုက်အပြင် ဂိုးသမား တင်မ်ကရူပါ ပါဝင်ဖို့ မသေချာသေးတာကြောင့် နောက်တန်းကတော့ တော်တော်လေး အားနည်းသွားမှာ သေချာပါတယ်။

ကွင်းလယ်မှာတော့ ထရိုင်ဘူး၊ ဗရန်နစ်နဲ့ လိုက်တ်နာတိုအပြင် တိုက်စစ်မှူး အိုနယ် ဖာနန်ဒက်ဇ်ဟာလည်း အဆိုပါ ပွဲစဉ်ကို လွဲချော်နေသလို ပက်ထရစ် ရောဘတ်ကလည်း မန်စီးတီးကစားသမား ဖြစ်နေတာကြောင့် ပါဝင်ခွင့် မရှိပါဘူး။

နည်းပြ ဖာကီကတော့ “တစ်ခါတစ်လေ သင့်ဆီမှာ ကြွက်သားဒဏ်ရာ ရရှိနေတဲ့အခါ လေ့ကျင့်ရေးအစီအစဉ်မှာ တစ်မျိုးပြောင်းလဲ လေ့ကျင့်လို့ရပါတယ်။ ဒါပေမယ့် ဒီဒဏ်ရာတွေကတော့ တော်တော်လေး ကံမကောင်းတာပါပဲ။ ကျွန်တော်ဒါကို အပြစ်သွားတင်မှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ ငိုနေမှာလည်း မဟုတ်ပါဘူ။ ဒါက ရှုပ်ထွေးပေမယ့် ကောင်းမွန်တဲ့ အဖြေတစ်ခုကို ရှာဖွေသွားမှာပါ”လို့ ပြောခဲ့ပါတယ်။

အဓိက ကစားသမားတွေ မပါဝင်တာကြောင့် နောဝစ်ခ်ျဟာ မန်စီးတီးကို ခက်ခက်ခဲခဲရင်ဆိုင်ရဖို့ ရှိနေသလို ပရိသတ်အများစုကလည်း အဆိုပါ ဖြစ်ရပ်ကို ကြောက်ရွံ့လျက် ရှိနေပါတယ်။
#မနျစီးတီး #နောဝစ်ခ်ျ