ရှေ့သို့
Image

လီဗာပူးက သူ့ရဲ့ အနာဂတ်အပေါ် လိမ်ညာခဲ့ကြောင်း ရိုင်ယန်ကန့် ထုတ်ဖော်

3:44 PM, 14 September

လီဗာပူး လူငယ် တောင်ပံကစားသမားဟောင်း ရိုင်ယန်ကန့်က ရိန်းဂျားအသင်းကို အပြီးသတ်ပြောင်းရွှေ့သွားခဲ့ပြီးနောက် အသင်းဟောင်းက သူ့ရဲ့ အနာဂတ်အပေါ် လိမ်ညာခဲ့ကြောင်း ထုတ်ဖော်သွားခဲ့ပါတယ်။

ကန့်ဟာ ပြီးခဲ့တဲ့ ၄နှစ်လုံး အငှားကစားသမားအဖြစ်သာ သံသရာလည်ခဲ့ပြီး ယခုလအစောပိုင်းကတော့ ရိန်းဂျားအသင်းကို အပြီးသတ် ပြောင်းရွှေ့ခွင့်ရခဲ့တာ ဖြစ်ပါတယ်။

၂၂နှစ် ကစားသမားဟာ နွေရာသီမှာ ရိန်းဂျားအသင်းကို ပြန်လည် ပြောင်းရွှေ့ချင်ခဲ့ပေမယ့် စကော့တလန်ကလပ်ရဲ့ ကနဦး အငှားစာချုပ်နဲ့ ကမ်းလှမ်းမှု မအောင်မြင်ခဲ့တာကြောင့် စိတ်ပူစရာ ဖြစ်ခဲ့ရပါတယ်။

ဒါပေမယ့် ရိန်းဂျားအသင်းဟာ အပြောင်းအရွှေ့ နောက်ဆုံးရက်မှာ ကန့်ကို ပေါင် ၆.၅သန်းနဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့ပြီး လူငယ်ကစားသမားက လီဗာပူးအသင်းဟာ သူ့ရဲ့ အနာဂတ်အပေါ် မရိုးသားခဲ့ဘူးလို့ ထုတ်ဖော်ခဲ့တာ ဖြစ်ပါတယ်။

ကန့်က “ဒီကိစ္စက တော်တော်လေး ခက်ခဲခဲ့ပါတယ်။ ကျွန်တော် စိတ်ဓာတ်မကျအောင် နေခဲ့ရပါတယ်။ သင်အသင်းမှာ တစ်ခုခု လုပ်နိုင်တယ်လို့ ကတိပေးထားခံရပြီးမှ အလိမ်ခံခဲ့ရတာ တော်တော်လေး ခံရခက်ပါတယ်။ ကျွန်တော် ကြံ့ခိုင်မှု ပြည့်ဝအောင် ကိုယ့်ကိုယ်ကို လေ့ကျင့်ခဲ့ရပြီး ဒီလိုအခွင့်အရေးမျိုး ရရှိအောင် ကြိုးစားခဲ့ရတာပါ။ ဒါပေမဲ့ နောက်ဆုံးမှာ ဒီလိုဖြစ်ခဲ့တဲ့အတွက် ကျွန်တော် ၀မ်းသာမိပါတယ်။ ကျွန်တော် ဒီအသင်းကို အစကတည်းက ပြန်လာချင်ခဲ့တာပါ။ ကျွန်တော် တီဗီထဲမှာ ပွဲအနည်းငယ် ကစားနေရတာကို မြင်ရတာ ခက်ခဲခဲ့ပေမဲ့ ဒီကို ပြန်ရောက်လာလို့ ကျွန်တော် ကျေနပ်နေပြီး ခြေစွမ်းပြဖို့ မစောင့်နိုင်တော့ပါဘူး”
လို့ ပြောခဲ့ပါတယ်။

ကန့်ဟာ ရိန်းဂျားအသင်းအတွက် ပွဲဦးထွက်ပွဲစဉ်အနေနဲ့ ယနေ့မှာ ကစားမယ့် လီဗင်စတန်နဲ့ ပွဲစဉ်မှာ ပါဝင်ခွင့်ရသွားမှာ ဖြစ်ပါတယ်။

#လီဗာပူး #ရိုင်ယန်ကန့်