ရှေ့သို့
Image

ဘယ်လာရင်နှင့် တီယာနေးဟာ လေ့ကျင့်ခန်း အပြည့်အ၀ပြန်ဆင်းနိုင်ဖို့ နောက်ထပ်တစ်ပတ်လောက် နားရဦးမှာပါလို့ ၀န်ခံပြောကြားလိုက်တဲ့ အမ်မရီ

12:23 PM, 14 September

တနင်္ဂနွေနေ့ ၀က်ဖို့ဒ်နှင့်ကစားမယ့်ပွဲမှာတော့ ကွင်းလယ်အတွဲဖြစ်တဲ့ ဇာခါနှင့် တော်ရဲယားတို့အတွဲဟာ ကစားဖို့ အတွက် အဆင်သင့်ဖြစ်မယ်လို့ မျှော်လင့်မိပါတယ်လို့ အာဆင်နယ်နည်းပြ  အမ်မရီက ပြောဆိုလိုက်ပါတယ်။

တနင်္ဂနွေနေ့ ၀က်ဖို့ဒ်နှင့် ကစားမည့်ပွဲသို့ စပိန်နိုင်ငံသားဟာ ကြံ့ခိုင်မှုပြည့်ဝတဲ့ လူစာရင်းကိုသာ ခေါ်ဆောင်သွား မှာဖြစ်တဲ့အတွက်ကြောင့် ဒဏ်ရာကနေ သက်သာလာအောင်လုပ်ဆောင်နေတုန်းဖြစ်တဲ့ ဘယ်လာရင်နှင့် တီယာနေးတို့ကတော့ ပါဝင်လာမှာမဟုတ်ပါဘူး။

တီယာနေးနှင့် ဘယ်လာရင်တို့ရဲ့ ဒဏ်ရာအခြေအနေနှင့် ပတ်သက်ပြီး ''သူတို့ကပါဝင်ဖို့ မသေချာသေးပါဘူး။ ပါဝင်ဖို့ကတော့ နောက်ရက်သတ္တပတ်များတွင် သက်သာလာမည့် သူတို့ရဲ့ ဒဏ်ရာအခြေအနေအပေါ်မူတည်ပါတယ်။ သူတို့ကလည်း ယုံကြည်မှုရှိလာကာ ကစားအားလည်းကောင်းမွန်လာပြီး ကျွန်တော်တို့နှင့် ကစားဖို့အတွက် ၁၀၀ % အဆင်သင့်ဖြစ်လာပြီဆိုရင်တော့ ယူ ၂၃ အသင်းတွင်ကစားဖို့အတွက် ကျွန်တော်တို့ ဆုံးဖြတ်ပေးနိုင်မှာပါ ''

''ယူ ၂၃ အသင်းတွင် ကစားဖို့အတွက် ဆုံးဖြတ်ပေးလိုက်ရင်တော့ လေ့ကျင့်ရေးက အဆင့်တိုင်းကို  စောင့်ကြည့်ဖို့အတွက် ကျွန်တော်တို့က လိုအပ်ပါတယ်။ ဒီတစ်ပတ်မှ ကျွန်တော်တို့နှင့် အတူသူတို့က ပထမဆုံးအကြိမ် အဖြစ် ပုံမှန် လေ့ကျင့်ခန်းဆင်းတာပါ။ နောက်အပတ်များတွင်လည်း ကျွန်တော်တို့နှင့်အတူ ပုံမှန်လေ့ကျင့်ခန်းဆင်းစေချင်ပါတယ် ''

''အဲ့ဒီလေ့ကျင့်ခန်းဆင်းပြီးနောက်မှ ယူ၂၃ အသင်းနှင့် ကျွန်တော်တို့အသင်းတို့နှင့်အတူ ကစားဖို့အတွက် ဆုံးဖြတ်နိုင်မှာပါ '' လို့ အမ်မရီကပြောပါတယ်။

#ဘယ်လာရင် #တီယာနေး