ရှေ့သို့
Image

ဘော်လွန်းဒီအော်ဆုအတွက် မက်ပီကို နေမာ စိန်ခေါ်နိုင်လိမ့်မယ်လို့ ဟာရဲရား ယုံကြည်

2:02 AM, 14 September

ပီအက်စ်ဂျီအသင်းကွင်းလယ်လူ အန်ဒါဟာရဲရားက နေမာနဲ့တွဲကစားရမှာကို စိတ်လှုပ်ရှားနေပြီး ဘရာဇီးသားအနေနဲ့ ဘော်လွန်းဒီအော်ဆိုအတွက် အသင်းဖော်မက်ပီကို စိန်ခေါ်နိုင်လိမ့်မယ်လို့ ယုံကြည်လျက်ရှိပါတယ်။ နေမာဟာ ပြီးခဲ့တဲ့နွေရာသီက အနာဂတ်မသေမချာဖြစ်ခဲ့မှုအားလုံးကို အတိတ်မှာ ထားရစ်ပြီး ယခုရက်သတ္တပတ်အကုန်မှာ ယခုရာသီပထမဆုံးပွဲအဖြစ် ပါဝင်ကစားဖွယ်ရှိနေပါတယ်။

နေမာဟာ ပြီးခဲ့တဲ့နွေရာသီက စပိန်ကို ပြန်လည်ပြောင်းရွှေ့ဖို့ သတင်းတွေကျယ်ပြန့်စွာထွက်ပေါ်ခဲ့ပေမယ့် အဆုံးသတ်မှာ ပီအက်စ်ဂျီအသင်းနဲ့ပဲ ဆက်လက်လက်တွဲခဲ့ပါတယ်။ နေမာဟာ နောက်ဆုံး ၄ရာသီအတွင်း ဘော်လွန်းဒီအော်ဆု ရွေးချယ်မှုမှာ တတိယ ၂ကြိမ်ရရှိခဲ့ပြီး ဘရာဇီးအသင်း ချန်ပီယံဖြစ်ခဲ့တဲ့ ကိုပါအမေရိကဖလားပြိုင်ပွဲကို လွဲချော်ခဲ့ရပေမယ့် ဟာရဲရားကတော့ နေမာအနေနဲ့ အဆိုပါဆုကို စိန်ခေါ်နိုင်လိမ့်မယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့နွေရာသီက ယူနိုက်တက်ကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်လာပြီးနောက် ယနေ့ညကစားရမယ့် စထရာဘော့နဲ့ပွဲမှာ ပထမဆုံးပါဝင်ခွင့်ရဖို့ ရာခိုင်နှုန်းများနေတဲ့ ဟာရဲရားက အသင်းဖော်တွေဖြစ်တဲ့ တိုက်စစ်မှူး မက်ပီနဲ့ ကွင်းလယ်လူ ဗာရက်တီတို့လည်း ကမ္ဘာ့အကောင်းဆုံးကစားသမားတွေဖြစ်ကြောင်း ဆိုပါတယ်။

''နေမာဟာ ကမ္ဘာ့အကောင်းဆုံးကစားသမား ၅ဦးစာရင်းမှာ ပါဝင်ပြီး မက်ပီနဲ့အတူ ဘော်လွန်းဒီအော်ဆုရှင်လောင်းလည်းဖြစ်ပါတယ်။ ကျွန်တော်လည်း နေမာနဲ့တွဲကစားရတော့မှာဖြစ်လို့ စိတ်လှုပ်ရှားပျော်ရွှင်မိပါတယ်။ ကျွန်တော့်အတွက်တော့ ဒါက ကြီးကျယ်တဲ့ခံစားမှုပါ။ နေမာ၊ မက်ပီ၊ ဗာရက်တီတို့လိုကစားသမားတွေနဲ့ တွဲကစားခွင့်ရရှိတာက ကျွန်တော့်အတွက်တော့ အံ့အားသင့်စရာကောင်းတဲ့အခွင့်အရေးပါ''လို့ ဟာရဲရားက ပြောပါတယ်။

#ဟာရဲရား #ဗာရက်တီ