ရှေ့သို့
Image

အဲရစ်ဆင်ကို တစ်ပတ် ပေါင် ၂၃၀၀၀၀ ပေးပြီး ဆက်ထိန်းဖို့ စပါးပြင်ဆင်နေဟုဆို

8:38 PM, 13 September

သတင်းတွေရဲ့ဖော်ပြချက်အရ စပါးအသင်းဟာ အဓိကကွင်းလယ်လူ အဲရစ်ဆင်ကို အသင်းမှာ ဆက်ထိန်းနိုင်ဖို့ ကြိုးစားနေပြီး တစ်ပတ်လုပ်ခ ပေါင် ၂၃၀၀၀၀ တန်စာချုပ်သစ်ချုပ်ဆိုဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ ဒိန်းမတ်လက်ရွေးစင် အဲရစ်ဆင်ဟာ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့ကာလအတွင်း ရီးရဲလ်မက်ဒရစ်နဲ့ ယူနိုက်တက်တို့ရဲ့စိတ်ဝင်စားခြင်းခံခဲ့ရပေမယ့် စပါးအသင်းမှာပဲ ဆက်ရှိခဲ့ပါတယ်။

ဒါပေမဲ့ အဲရစ်ဆင်ရဲ့လက်ရှိစာချုပ်သက်တမ်းက ၂၀၂၀ နွေရာသီမှာ ကုန်ဆုံးတော့မှာဖြစ်ပြီး အခုချိန်အထိလည်း စာချုပ်သစ်ချုပ်ဆိုဖို့ သဘောတူညီမှုမရရှိသေးပါဘူး။ Football Insider ရဲ့ဖော်ပြချက်အရ စပါးအသင်းတာဝန်ရှိသူတွေဟာ အဲရစ်ဆင်ကို မြင့်မားတဲ့လုပ်ခလစာနဲ့ စာချုပ်သစ်ချုပ်ဆိုဖို့ ကမ်းလှမ်းပြီး အသင်းမှာဆက်ထိန်းထားဖို့ အသင့်ရှိနေပြီလို့ သိရပါတယ်။

တကယ်လို့များ အဲရစ်ဆင်သာ စပါးအသင်းရဲ့ကမ်းလှမ်းမှုကို ငြင်းဆန်ခဲ့ရင် သူ့အနေနဲ့ လာမယ့်ဇန်န၀ါရီလအတွင်း ပြည်ပကလပ်အသင်းတွေနဲ့ အကြိုသဘောတူညီစာချုပ် ချုပ်ဆိုခွင့်ရရှိမှာဖြစ်ပါတယ်။ အဲဒီသတင်းကပဲ စပါးအသင်း ကမ်းလှမ်းမယ့်လုပ်ခလစာက အဲရစ်ဆင်ရဲ့လက်ရှိလုပ်ခလစာထက် ၃ဆအထိ ပိုများပြီး အသင်းမှာ လုပ်ခလစာအများဆုံးရရှိနေတဲ့ တိုက်စစ်မှူး ဟယ်ရီကိန်းနဲ့လည်း တူသွားလိမ့်မယ်လို့ သိရပါတယ်။

အဲရစ်ဆင်ဟာ စပါးအသင်းရဲ့ရာသီအဖွင့် ၂ပွဲဆက် ပွဲထွက်လူစာရင်းကနေ ချန်လှပ်ခံခဲ့ရပေမယ့် အာဆင်နယ်နဲ့ ၂-၂ ဂိုးသရေကျခဲ့တဲ့ပွဲမှာ ဦးစားပေးကစားသမားအဖြစ် ပါဝင်ခွင့်ရခဲ့ပြီး ဂိုးပါသွင်းယူနိုင်ခဲ့ပါတယ်။ 

#စပါး #မနျခကျြစတာယူနိုကျတကျ #အဲရစ်ဆင်