ရှေ့သို့
Image

လာမယ့် ဇန်န၀ါရီလမှာ ဘရူနိုဖာနန်ဒက်စ်အတွက် စပါးနဲ့ ယူနိုက်တက်တို့ အားပြိုင်မှုတွေ ရှိလာနိုင်

1:22 PM, 13 September

စပို့တင်းလစ္စဘွန်း အသင်းဟာ ဘရူနိုဖာနန်ဒက်စ်ကို စာချုပ်သစ်ချုပ်ဆိုဖို့ စီစဉ်နေပေမယ့်လည်း ဇန်န၀ါရီမှာ အဆိုပါ ၂၅ နှစ်သားအတွက် သင့်တော်တဲ့ ကမ်းလှမ်းမှုမျိုး ရှိလာခဲ့ရင် ရောင်းချသွားမယ်လို့ ဆိုပါတယ်။
တော့တင်ဟမ်အသင်းဟာ ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့ နောက်ဆုံး ရက်ပိုင်းလောက်က ပေါ်တူဂီ ကွင်းလယ်ဖန်တီးရှင်ကို ခေါ်ယူနိုင်ဖို့ အနီးစပ်ဆုံး အနေအထားကို ရောက်ရှိခဲ့ပေမယ့် စပို့တင်းအလိုရှိတဲ့ ပြောင်းရွှေ့ကြေးနဲ့ တန်ကြေး အနည်းငယ် ကွာဟနေခဲ့တာကြောင့် အပြောင်းအရွှေ့ပျက်ပြယ်ခဲ့ရပါတယ်။
ဒီနွေရာသီမှာ အသင်းပြောင်းရွှေ့ဖို့ ပျက်ပြယ်ခဲ့ရတဲ့ ဖာနန်ဒက်စ်ကို စပို့တင်းက စာချုပ်သက်တမ်းတိုးဖို့ စီစဉ်နေပြီ ဖြစ်ကြောင်း သတင်းတွေက ဖော်ပြလာပါတယ်။
ပေါ်တူဂီကလပ်ဘက်က ဖာနန်ဒက်စ်ကို တစ်နှစ်ပေါင် ၁.၈ သန်းနဲ့ ကမ်းလှမ်းခဲ့တာဖြစ်ပြီး အပြောင်းအရွှေ့ ကာလတုန်းက စပါးအသင်း ကမ်းလှမ်းခဲ့တဲ့ တစ်နှစ်ကိုပေါင် ၃.၁ သန်းထက်ပေါင် ၁.၃ သန်း ပိုနည်းနေတာပဲ ဖြစ်ပါတယ်။
မန်ချက်စတာ ယူနိုက်တက်အသင်းကလည်း ပေါ်တူဂီလက်ရွေးစင်ကို သုံးလအတွင်းမှာ ခေါ်ယူနိုင်ဖို့ ကြိုးစားတော့မယ်လို့ သိရပါတယ်။
မန်ချက်စတာ ညနေခင်းသတင်းအရ ယူနိုက်တက်က နည်းပြအိုလီဂန်နာ ဆိုးလ်ရှားအတွက် ငွေကြေး သုံးစွဲခွင့်ပြုခဲ့ပြီ ဖြစ်တာကြောင့် အပြောင်းအရွှေ့ရာသီ ပြန်ဖွင့်ပြီဆိုတာနဲ့ ကွင်းလယ်ကစားသမားသစ် တစ်ဦးကို တန်းခေါ်သွားမယ်လို့ ဖော်ပြထားပါတယ်။
စပါးဘက်က ဖာနန်ဒက်စ်ကိုခေါ်ယူဖို့ စိတ်ဝင်စားနေသေးပေမယ့် စပို့တင်းဘက်က ကစားသမားကို မြောက်လန်ဒန်ကလပ်ထက် ယူနိုက်တက်ကိုသာ ရောင်းချဖို့ စိတ်အားထက်သန်နေပါတယ်။
စပို့တင်းကလည်း သူတို့ရဲ့နာမည်ကျော် ကစားသမားကို စိတ်ဝင်စားတဲ့ ဘယ်အသင်းမဆို ပေါင် ၆၃ သန်း ကမ်းလှမ်းမှရမယ်လို့ တောင်းဆိုထားပါတယ်။
အင်္ဂလန်ရဲ့မြို့တော်ကိုပြောင်းရွှေ့ဖို့ ပျက်ပြယ်ခဲ့ပြီးနောက် ဖာနန်ဒက်စ်က အင်တာဗျူးတစ်ခုမှာ “  အားလုံးသိတဲ့အတိုင်းပဲ တော့တင်ဟမ်က ကျွန်တော့်ကို များပြားတဲ့ ကမ်းလှမ်းမှု တစ်ခုလုပ်ခဲ့ပါတယ်။ ကျွန်တော်နဲ့က အားလုံး အဆင်ပြေတယ် အပြောင်းအရွှေ့ပြီးလုနီးပါးပဲ။
ကျွန်တော်ဘယ်တုန်းကမှ တောင်းဆိုမှု ကြီးကြီးမားမား မလုပ်ခဲ့ဖူးဘူး။ ကျွန်တော့် မန်နေဂျာကလည်း ငွေရေးကြေးရေးပိုင်းကိုပဲ တာဝန်ယူပါတယ်။ အင်္ဂလန်နဲ့ စပို့တင်းမှာ ကစားဖို့က ကျွန်တော်ရဲ့အိပ်မက်ပါ ဒါကို အားလုံးလည်း သိကြပါတယ်။ အပြီးသတ်လုနီးပါး အခြေအနေတွေအထိလည်း ဖြစ်ခဲ့တယ်။
ဒါပေမယ့် ကမ်းလှမ်းမှုက ကျွန်တော့် အရည်အချင်းထက် နည်းနေတယ်လို့ စပို့တင်းဘက်က ယူဆခဲ့တာ ကြောင့် အပြောင်းအရွှေ့ ပျက်သွားခဲ့ပါတယ်။ သူတို့ရဲ့ဆုံးဖြတ်ချက်ကို လေးလေးစားစားနဲ့ လက်ခံပါတယ် “  လို့ ဖွင့်ဟခဲ့ပါတယ်။
#စပါး #မနျခကျြစတာယူနိုကျတကျ #ဘရူနိုဖာနန်ဒတ်စ်