ရှေ့သို့
Image

ဆော်အိုပေါ်လိုကို ပြောင်းရွှေ့ဖို့ ဘာစီလိုနာနဲ့ ဂျူဗင်တပ်စ်တို့ရဲ့ ကမ်းလှမ်းမှုတွေကို အဲဗက်စ်ငြင်းပယ်ခဲ့

11:34 AM, 13 September

ဒန်နီအဲဗက်စ်ဟာ မွေးရပ်မြေ ဘရာဇီးကလပ် ဆော်အိုပေါ်လိုအသင်းကို ပြောင်းရွှေ့ဖို့အတွက် ဘာစီလိုနာနဲ့ ဂျူဗင်တပ်စ်တို့ရဲ့ ကမ်းလှမ်းမှုတွေကို ငြင်းပယ်ခဲ့တယ်လို့ သိရပါတယ်။ အဲဗက်စ်ဟာ ပီအက်စ်ဂျီအသင်းကနေ ထွက်ခွာလာခဲ့ပြီးနောက် နွေရာသီမှာ အသင်းလက်မဲ့ ဖြစ်နေခဲ့တာပါ။

ဥရောပတစ်ခွင်က ကမ်းလှမ်းမှုတွေ အများအပြား ရရှိခဲ့ပေမယ့် အဲဗက်စ်ဟာ မွေးရပ်မြေ ကလပ်ကိုသာ ၃ နှစ် စာချုပ်နဲ့ ပြောင်းရွှေ့သွားခဲ့ပါတယ်။ ဒါပေမယ့် PlayerS tribute က ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ အဲဗက်စ်က 

“ကျွန်တော် ဂျူဗင်တပ်စ်နဲ့ ဘာကာကို ပြန်လည်ပြောင်းရွှေ့ဖို့ အခွင့်အရေး ရခဲ့ပါတယ်။ ဆုံးဖြတ်ချက်တွေကို အလျင်စလိုတော့ ချမှတ်ခဲ့ခြင်း မရှိပါဘူး။ ဘယ်ကလပ်က ကိုယ့်ကို ကောင်းမွန်တဲ့ သူတစ်ယောက်ဖြစ်အောင် လုပ်ပေးမလဲလို့ စဉ်းစားခဲ့ပါတယ်”လို့ ပြောခဲ့ပါတယ်။

ဆက်လက်ပြီး အဲဗက်စ်က “ကျွန်တော် နိုင်ငံအသင်းနဲ့ ပူးပေါင်းခဲ့စဉ်က အပြောင်းအရွှေ့ အကြောင်းတွေ ငါမသိချင်ဘူးလို့ အသင်းကို ပြောခဲ့ပါတယ်။ ကျွန်တော်က အသင်းလက်မဲ့တစ်ယောက်ပါ။ ဒါပေမယ့် ကျွန်တော် ဘာမှ မသိချင်ပါဘူး။ အကြောင်းကတော့ ကျွန်တော် စွမ်းဆောင်ရည် ကောင်းမွန်ချင်လို့ပါ။ ကျွန်တော် ဒီမှာသာ ကစားပုံကောင်းခဲ့ရင် အခွင့်အရေးတွေ အများကြီး ရနိုင်ပါတယ်”လို့ ဆိုပါတယ်။ 

#ဘာစီလိုနာ #ဒန်နီ အဲဗက်စ်