ရှေ့သို့
Image

ဘောလုံးလောကကို ပြန်လည် အခြေချတော့မယ့် ရော်နယ်ဒင်ဟို

9:21 AM, 13 September

ဘရာဇီးဂန္တ၀င် တိုက်စစ်မှူး ရော်နယ်ဒင်ဟိုဟာ သူ့ရဲ့နိုင်ငံကူးလက်မှတ် ပြန်ရတာနဲ့ အောက်တိုဘာလမှာ ကစားမယ့် ကိုလံဘီယာကလပ် ဆန်တီဖီးနဲ့ ချစ်ကြည်ရေးပွဲစဉ်မှာ ဘောလုံးလောကကို ပြန်လည် အခြေချဖွယ် ရှိနေပါတယ်။

အဆိုပါ ဘာစီလိုနာ တိုက်စစ်မှူးဟောင်းဟာ  ၂၀၁၈ ခုနှစ်က တရားဝင် အနားယူခဲ့ပြီး  ၂၀၁၅ ခုနှစ် ဖလူမင်နီးစ် အသင်းမှာ နောက်ဆုံးကစားခဲ့ပြီး နောက်ပိုင်း ၃ နှစ်တိတိ ဘောလုံးလောကကနေ အနားယူခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း အသက် ၃၉ နှစ်သားဟာ လာမယ့် ကိုလံဘီယာကလပ် ဆန်တီဖီးလ်နဲ့ ပွဲစဉ်မှာ  ပြန်လည်ကစားဖို့ စဉ်းစားနေပြီး အပြီးသတ်တော့ မဆုံးဖြတ်ရသေးတာပါ။

ဒါပေမယ့် ပရိသတ် တော်တော်များများကတော့ လာမယ့် အောက်တိုဘာလ ၁၇ ရက်နေ့မှာ ကစားမယ့် ပွဲစဉ်မှာ ကမ္ဘာ့ဖလားပိုင်ရှင်ရဲ့ခြေစွမ်းကို မြင်တွေ့လိုနေပြီး အနည်းဆုံး လက်မှတ်ကတော့ ၇ ပေါင် ရှိနေကာ ဈေးအကြီးဆုံး လက်မှတ်ကတော့ ၃၀ ပေါင် ရှိနေပါတယ်။

လက်ရှိအချိန်မှာတော့ ဘရာဇီး ဂန္တ၀င်ကစားသမားဟာ ပတ်စ်ပို့ ပြန်လည်ရရှိဖို့အတွက် ကြိုးပမ်းနေတာ ဖြစ်ပါတယ်။

ရော်နယ်ဒင်ဟိုဟာ ၂၀၁၁ ခုနှစ် မီလန်ကနေ ထွက်ခွာပြီးနောက် ဘရာဇီးကလပ် ဖလာမင်ဂိုအသင်းထံ ပြန်လည် ပြောင်းရွှေ့ခဲ့ပြီး အဲ့နောက်မှာတော့ အက်သလက်တီကို မင်နဲရိုးအသင်းထံ ထပ်မံ ပြောင်းရွှေ့ခဲ့ပါတယ်။

အသက် ၃၉ နှစ်အရွယ် ကစားသမားဟာ ၂၀၁၈ ခုနှစ် အနားမယူခင် အိန္ဒိယမှာ ဖူဆယ်ဘောလုံးကို နောက်ဆုံး ကစားခဲ့တာ ဖြစ်ပါတယ်။

#ကိုလံဘီယာ #ရော်နယ်ဒင်ဟို