ရှေ့သို့
Image

လိုဆယ်ဆိုရဲ့ ဒဏ်ရာနှင့်ပတ်သတ်ပြီး စိတ်ပျက်လက်ပျက်ဖြစ်နေတဲ့ ပိုချက်တီနို

8:46 AM, 13 September

နွေရာသီတွင် အငှာဖြင့်ခေါ်ယူထားတဲ့ လိုဆယ်ဆိုဟာ တင်ပါးဒဏ်ရာရရှိခဲ့တဲ့အတွက် အနည်းဆုံးနောက်လ အထိ နားရမှာဖြစ်တဲ့အတွက်ကြောင့် စပါးနည်းပြ ပိုချက်တီနိုကတော့ စိတ်ပျက်နေပါတယ်။

ကွင်းလယ်ကစားသမားဟာ အာဂျင်တီးနားလက်ရွေးစင်အသင်းအတွက် ချီလီအသင်းနှင့်ကစားခဲ့တဲ့ပွဲတွင် ဒဏ်ရာရရှိခဲ့တာဖြစ်ပြီး အောက်တိုဘာလမကုန်ခင်အထိ လေ့ကျင့်ခန်းပြန်ဆင်းဖို့အတွက် မျှော်လင့်လို့မရသေး တာပါ။

ပြီးခဲ့တဲ့လက ရီးရဲလ်ဘက်တစ်မှ အငှားဖြင့်ပြောင်းရွေ့လာတဲ့ လိုဆယ်ဆိုဟာ စပါးအသင်းအတွက် လူစားဝင် ၃ ပွဲသာ ဝင်ရောက်ကစားပေးထားရသေးတာဖြစ်ပြီး ပွဲထွက်ကစားဖို့အတွက် အချိန်အကြာကြီးစောင့်ရတော့မှာ ဖြစ် ပါတယ်။

'' အရမ်းကိုစိတ်မကောင်းဖြစ်ရတဲ့အခြေအနေပါ၊ ကျွန်တော်အရမ်းကို စိတ်ပျက်မိပါတယ်။ သူ့အတွက် အသင်း သစ်နှင့် အသားကျဖို့ ပထမလတွေမှာ သူကဒဏ်ရာရရှိသွားတာပါ '' လို့ ပိုချက်တီနိုကပြောပါတယ်။

'' သူလုပ်နေတဲ့ အရာကတွေက အရမ်းကိုကောင်းနေပါပြီ၊ သူပြန်ကောင်းလာဖို့အတွက် စောင့်ရတော့မှာဖြစ်တဲ့ အတွက် ကျွန်တော်တို့အားလုံး စိတ်ပျက်မိပါတယ် ''
'' ကျွန်တော်တို့က အကောင်းဆုံးကိုမျှော်လင့်ထားရမှာဖြစ်ပြီး သူပြန်ကောင်းလာဖို့အတွက် အတက်နိုင်ဆုံးလုပ်  ဆောင်ပေးရမှာပါ ''

ပရီးမီးယားလိဂ်ပွဲအဖြစ် စနေနေ့တွင် ပဲလေ့နှင့်ကစားမည့်ပွဲအတွက် လွဲချော်မှာက လိုဆယ်ဆို တစ်ယောက် တည်းမဟုတ်ပါဘူး။

ခြေကျင်းဝတ်ဒဏ်ရာရရှိနေတဲ့ ဂျွန်ဖို့ဒ်ကလည်း ပါဝင်ကစားနိုင်မှာမဟုတ်ကာ ဆန်းချက်ဇ်ကလည်း ကိုလံဘီယာ လက်ရွေးစင်အသင်းအတွက် ကစားပေးရင်း ဒဏ်ရာရရှိလာတာဖြစ်ပါတယ်။

ပေါင်ဒဏ်ရာရရှိနေတဲ့ ဒမ်ဒွန်ဘီလီ၊ တံကောက်ကြောဒဏ်ရာရရှိနေတဲ့ ကိုင်လီဝေါ်ကာပီတာ၊ တင်ပါးဒဏ်ရာရရှိ နေတဲ့ အဲရစ်ဒိုင်ယာ၊ တံကောက်ကြောဒဏ်ရာရရှိနေတဲ့ ဆက်ဆီဂွန် တို့အားလုံးက လေ့ကျင့်ခန်းပြန်ဆင်းေ နပြီ ဖြစ်သော်လည်း ပဲလေ့နှင့်ပွဲမတိုင်ခင်မှာတော့ သူတို့အားလုံးကို စောင့်ကြည့်ရအုံးမှာဖြစ်ပါတယ်။

ဒီနေ့လေ့ကျင့်ခန်းတွင် ပိုချက်တီနိုဟာ အသင်းနှင့် တစ်နာရီနီးပါးကြာအောင် ပြောဆိုခဲ့တာဖြစ်ပြီး ပွဲစဉ်တွေကို ဆက်တိုက်အနိုင်ရရှိဖို့နှင့် နောက်လာမည့်လများအတွက် ရည်မှန်းချက်များနှင့်ပတ်သတ်ပြီး ဆွေးနွေးပြောဆိုခဲ့ ပါတယ်။

'' ဇန်နဝါရီလမတိုင်ခင်အထိ ကျွန်တော်တို့ကဆက်သွားနေရအုံးမှာပါ၊ အဲ့ဒီလကျရင်လည်း ကောလာဟလတွေ ကလည်း နောက်ထပ်တစ်ကြိမ်ထွက်လာအုံးမှာပါလို့ အသင်းသားတွေကိုပြောဆိုခဲ့ပါတယ် ''

'' ဒီနေ့တစ်နာရီးနီးပါးပြောဆိုခဲ့တာတွေက အရမ်းကိုကောင်းပါတယ်၊ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်တွေကိုပြန် လည် အာရုံစိုက်ဖို့အတွက်လည်းပြောခဲ့ပါတယ် '' လို့ ပိုချက်တီနိုက ပြောပါတယ်။

ပရီးမီးယားလိဂ်ရဲ့အပြောင်းအရွေ့က သြဂုတ်လ၈ ရက်နေ့တွင် ပိတ်သွားခဲ့တာဖြစ်သော်လည်း ဥရောပရှိ ဈေးကွက်ကတော့ နောက်ထပ် ၃ ပတ်အထိ ဖွင့်ထားတုန်းဖြစ်ပါတယ်။

ဒါကြောင့် လာလီဂါ၊ စီးရီးအေ တို့ရှိကလပ်များက အင်္ဂလန်မှ ကစားသမားတွေကို ခေါ်ယူ၍ရတုန်းဖြစ်ကာ အဲရစ် ဆင်ရဲ့ အခြေအနေနှင့်ပတ်သတ်ပြီး တည်ငြိမ်မှုမရှိသေးပါဘူးလို့ ပိုချက်တီနိုက ဝန်ခံထားတာဖြစ်ပါတယ်။

ဒိန်းမတ်နိုင်ငံသားဟာ အသင်းနှင့်စာချုပ်သက်တမ်း ၁ နှစ်သာ ကျန်ရှိတော့တာဖြစ်ကာ စက်တင်ဘာ ၂ ရက်နေ့ အပြောင်းအရွေ့ပိတ်တဲ့အထိ အသင်းမပြောင်းရွေ့ခဲ့တာဖြစ်တဲ့အတွက် ဇန်နဝါရီတွင်ဖွင့်လှစ်မည့် ဆော င်းရာသီ  ဈေးကွက် မတိုင်ခင်အထိ စပါးအသင်းတွင်ရှိနေမှာဖြစ်ပါတယ်။

သို့သော်လည်း ပိုချက်တီနိုကတော့ ''သူက အသင်းမှာပျော်ရွင်နေပါတယ်။ ဒီမှာမပျော်ဘူးလို့ သူမပြောပါဘူး '' လို့ အဲရစ်ဆင်နှင့်ပတ်သတ်ပြီး ပြောပါတယ်။

'' လူတိုင်းမှာက ရည်မှန်းချက်တွေ၊ စိန်ခေါ်မှုတွေရှိပါတယ်။ အာဆင်နယ်နှင့်ပွဲမတိုင်ခင်က ကျွန်တော်ပြောခဲ့သလို ပဲ သူကကောင်းမွန်တဲ့ အခြေအနေမှာရှိနေတဲ့အတွက်ကြောင့်ပဲ ကျွန်တော်က ကစားခွင့်ပေးခဲ့တာပါ ''

'' သူဟာ ကျွန်တော်တို့အတွက် အမြဲတမ်းအရေးကြီးတဲ့ ကစားသမားပါ၊ ဒီရာသီဟာ အသင်းတွင် သူရှိနေတဲ့ ၆ ရာသီမြောက်ဖြစ်ပြီး ကျွန်တော်တို့ကလည်း သူ့ကို အမြဲအသိအမှတ်ပြုပါတယ် '' လို့ ပိုချက်တီနိုကပြောပါတယ်။

#ပိုချက်တီနို #တော့တင်ဟမ် #လိုဆယ်ဆို