ရှေ့သို့
Image

ခြေစွမ်းကောင်းတွေ ပြသနေတဲ့ ဒန်နီရယ်ဂျိမ်းစ်ကို အထူးချီးကျူးသွားခဲ့တဲ့ အီဗရာ

8:37 PM, 12 September

ယူနိုက်တက် ကစားသမားဟောင်းကြီး ပက်ထရစ် အီဗရာကတော့ အသင်းရဲ့ တစ်လတာအကောင်းဆုံးဆုတွေကို သိမ်းပိုက်သွားခဲ့တဲ့ တောင်ပံကစားသမား ဒန်နီရယ်ဂျိမ်းစ်ကို ချီးကျူးမှုတွေ ပြုလုပ်သွားခဲ့ပါတယ်။

ဒန်နီရယ်ဂျိမ်းစ်ဟာ ဆွမ်ဆီးအသင်းကနေ ပေါင် ၁၅သန်းနဲ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး ပရီးမီးယားလိဂ် ၄ပွဲမှာ  ၃ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပါတယ်။ ဒါကြောင့်ပဲ ယူနိုက်တက်ရဲ့ တစ်လတာ အကောင်းဆုံးဆုတွေကို ရရှီခဲ့ပြီး အီဗရာရဲ့ ချီးကျူးမှုကိုလည်း ရရှိခဲ့ပါတယ်။

အီဗရာက
“မင်း ဒီဆုနဲ့ ထိုက်တန်ပါတယ်။ အရင်က ပြောခဲ့သလိုပဲ ငါ မင်းဒီဆုရလို့ အရမ်းပျော်နေပါတယ်။ ဒီကလပ်ကို ရောက်ရှိလာတာနဲ့ မင်းရဲ့ အပျော်ဆုံးနေ့တွေကို ရရှိသွားပြီဆိုက ငါမြင်နိုင်ပါတယ်”လို့ ပြောခဲပါတယ်။

ချဲလ်ဆီးနဲ့ ပွဲစဉ်က ဂျိမ်းစ်ရဲ့ အောင်ပွဲခံပုံအကြောင်းကိုလည်း အီဗရာက
“ငါမင်းရဲ့ အောင်ပွဲခံပုံကို မြင်လိုက်ရပါတယ်။ ဒီအောင်ပွဲခံမှုက ငါ့ကို ကြက်သီးထစေပါတယ်။ ငါ တီဗီကနေ ကြည့်နေတဲ့အချိန် မင်းရဲ့ သွင်းဂိုးမြင်လိုက်ရပေမယ့် အောင်ပွဲခံပုံကို ပိုပြီးတော့ ကြိုက်ပါတယ်။ မင်းလို ကစားသမားမျိုးကို အသင်းက လိုအပ်နေတာပါ”လို့ ပြောသွားခဲ့ပါတယ်။

#မနျခကျြစတာယူနိုကျတကျ #အီဗရာ #ဒန်နီရယ် ဂျိမ်းစ်