ရှေ့သို့
Image

အဲရစ်ဆင်ဟာ တော့တင်ဟမ်မှာ အမြဲပျော်ရွှင်နေကြောင်း ပိုချက်တီနိုပြောကြား

8:11 PM, 12 September

တော့တင်ဟမ်နည်းပြ ပိုချက်တီနိုက ကွင်းလယ်လူ အဲရစ်ဆင်ဟာ အသင်းမှာ ပျော်ရွှင်နေကြောင်း ပြောကြားသွားခဲ့ပါတယ်။ ဒိန်းမတ်သား နွေရာသီအပြောင်းအရွှေ့ကာလတုန်းက စိန်ခေါ်မှုအသစ်တွေကို ရင်ဆိုင်တယ်လို့ ပြောကြားထားပြီး အသင်းက ထွက်ခွာဖို့ အရိတ်အမြွတ်ဆိုခဲ့သူပါ။
အဲရစ်ဆင်ဟာ အာဆင်နယ်နဲ့ ၂-၂သရေကျခဲ့တဲ့ ပွဲစဉ်မှာသာ မိနစ်၉၀လုံး ကစားခွင့်ရခဲ့ပါတယ်။ ပိုချက်တီနိုကတော့

“သူ အသင်းမှာ မပျော်ရွှင်ဘူးလို့ ဘယ်တုန်းကမှ မပြောခဲ့ပါဘူး။ အာဆင်နယ်ပွဲစဉ်မတိုင်ခင် သူ့မှာ ကောင်းမွန်တဲ့ အခြေအနေတွေရှိနေလို့ အဲ့ဒီပွဲအတွက် ရွေးချယ်ခဲ့တာဖြစ်ပြီး ဆက်ပြီးလည်း ရွေးချယ်သွားဦးမှာပါ။ သူက ကျွန်တော်တို့အတွက် အရေးကြီးတဲ့ ကစားသမားတစ်ယောက်အဖြစ် ဆက်ရှိနေမှာပါ”လို့ ပြောသွားခဲ့ပါတယ်။

တော့တင်ဟမ်ဟာ စနေနေ့ ၈း၃၀မှာ ခရစ္စတယ်ပဲလေ့စ်ကို အိမ်ကွင်းမှာ ဧည့်ခံသွားရမှာ ဖြစ်ပါတယ်။

#ပိုချက်တီနို #အဲရစ်ဆင် #တော့တင်ဟမ်