ရှေ့သို့
Image

အူဘာမီယန်းကို ရော်နယ်ဒိုနဲ့ နှိုင်းယှဉ်လိုက်ပြီး လာကာဇက်တီကို အာဆင်နယ်ရဲ့အကောင်းဆုံးကစားသမား လို့ဆိုလိုက်တဲ့ ဆီဘယ်လော့စ်

6:56 PM, 12 September

အာဆင်နယ်အသင်းကို အငှားလာကစားနေတဲ့ ကွင်းလယ်ကစားသမား ဆီဘယ်လော့စ်ကတော့ တိုက်စစ်မှူး အူဘာမီယန်းကို ရော်နယ်ဒိုနဲ့ နှိုင်းယှဉ်လိုက်ပေမယ့် အာဆင်နယ်ရဲ့အကောင်းဆုံးကစားသမားတစ်ဦးတော့မဟုတ်ဘူးလို့ဆိုလိုက်ပါတယ်။
“ကျွန်တော် ဒီမှာအချိန်နည်းနည်းပဲကစားရပါသေးတယ်။ ဒါပေမယ့် ကစားရတဲ့အချိန်မှလည်း ကျွန်တော့်မှာ ရှိသမျှတွေကိုအကောင်းဆုံးပေးဆပ်ကစားပါတယ်”လို့ သူကဆိုပါတယ်။

ကွင်းလယ်ကစားသမား ဆီဘယ်လော့စ်ဟာ ဘန်လေအသင်းကိုအနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ အသင်းအတွက် ဂိုးဖန်တီးမှု ၂ကြိမ်ပြုလုပ်နိုင်ခဲ့သလို စပါးအသင်းနဲ့ပွဲစဉ်မှာလည်း လူစားဝင်ကစားပြီး ကိုက် ၃၀ အကွာကနေ သွင်းဂိုး ၁ ဂိုးရယူဖို့ နီးစပ်ခဲ့တာဖြစ်ပါတယ်။
အာဆင်နယ်အသင်းဟာ လက်ရှိပရီးမီးယားလိဂ်မှာ  ၄ ပွဲကစားထားပြီး ရမှတ်  ၇ မှတ်ရရှိထားခဲ့ပါတယ်။

“ကျွန်တော်တို့ အစကောင်းနေပါတယ်။ အသင်းရဲ့တိုက်စစ်မှူး ၃ ယောက်ကလည်း ထိပ်တန်းတိုက်စစ်မှူးတွေပါ။ အူဘာမီယန်းက တိုက်စစ်မှူး ရော်နယ်ဒိုနည်းတူ ဂိုးသွင်းသေချာတဲ့တိုက်စစ်မှူး တစ်ဦး

သူ့ရဲ့သွင်းဂိုးတွေကလည်း ကျွန်တော်တို့အတွက် အရေးကြီးတဲ့အခန်းကဏ္ဍကနေ ပါဝင်ပါတယ်။ ပီပီဆိုရင်လည်း တကယ်ကောင်းတဲ့တောင်ပံကစားသမားပါ။
လာကာဇက်တီကတော့ အာဆင်နယ်ရဲ့အကောင်းဆုံးကစားသမားတစ်ဦးပါ။ လာကာသာ ၁၀၀ % ကြံ့ခိုင်မှုပြည့်ဝနေမယ်ဆိုရင် သူဟာ တကယ်ကြောက်ဖို့ကောင်းတဲ့ တိုက်စစ်မှူးတစ်ဦးပါ”လို့ စပိန်သားက ပြောကြားခဲ့ပါတယ်။


#ဆီဘယ်လော့စ်