ရှေ့သို့
Image

အသင်းအတွက်ပဲ အာရုံစိုက်ထားတယ်လို့ ဆိုလိုက်တဲ့ ဗန်ဒါဆား

8:54 AM, 12 September

နယ်သာလန်အသင်း ဂိုးသမားဟောင်း ဗန်ဒါဆားကတော့ အသင်းဟောင်း ယူနိုက်တက်က ခေါ်ယူဖို့ စိတ်ဝင်စားနေပေမယ့်လည်း လက်ရှိ အေဂျက်အတွက်ပဲ အာရုံစိုက်ထားတယ်လို့ ထုတ်ဖော် ပြောကြား လိုက်ပါတယ်။

အဆိုပါ အေဂျက်အမှုဆောင်ကိုတော့ ယူနိုက်တက်က အသင်းထံ ပြန်လည်ခေါ်ယူဖို့ ချိတ်ဆက်နေတာ ဖြစ်ပြီး အသင်းမှာ လိုအပ်နေတဲ့ နည်းစနစ် ဒါရိုက်တာနေရာမှာ အစားထိုး ခန့်အပ်ဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဗန်ဒါဆားကတော့ အဆိုပါရာထူးကို စိတ်ဝင်စားခြင်း မရှိတာပါ။

“ကျွန်တော်လက်ရှိ အေဂျက်အမှုဆောင် အလုပ်ကိုပဲ စိတ်ဝင်စားပါတယ်။ ကျွန်တော် အေဂျက်ကို ဥရောပ အဆင့်မှာ အောင်မြင်တဲ့ အသင်းတစ်သင်းအဖြစ် မြှင့်တင်လိုပါတယ်။ ပြီးခဲ့တဲ့နှစ်ကလည်း ကျွန်တော်တို့ အကောင်းဆုံး အဆင့်တစ်ခုကို တက်လှမ်းနိုင်ခဲ့ပါတယ်”လို့ ဗန်ဒါဆားက ပြောပါတယ်။

ယူနိုက်တက်အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ် ၄ ပွဲမှာ ၁ ပွဲသာ အနိုင်ရရှိခဲ့ပြီး နိုင်ငံတကာ ရက်သတ္တပတ်တွေ မတိုင်ခင်ကစားခဲ့တဲ့ ဆောက်သမ်တန်အသင်းနဲ့ ပွဲစဉ်မှာတော့ တစ်ဖက် ၁ ဂိုးစီ သရေရလဒ်သာ ရယူနိုင်ခဲ့ပါတယ်။

နည်းပြ ဆိုးလ်ရှားရဲ့ယူနိုက်တက်အသင်းဟာ လာမယ့် စနေနေ့မှာ ရှုံးပွဲမရှိသေးတဲ့ လက်စတာ စီးတီးအသင်းကို အိမ်ကွင်းမှာ ဧည့်ခံကစားရမှာ ဖြစ်ပါတယ်။

#မန်ချက်စတာယူနိုက်တက် #ဗန္ဒါဆား