ရှေ့သို့
Image

ဘရာဇီး အသင်းရဲ့ ၁၇ ပွဲဆက် ရှုံးပွဲမရှိစံချိန်ကို ရိုက်ချိုးခဲ့တဲ့ ပီရူးအသင်း

4:28 PM, 11 September

ပီရူးအသင်းဟာ အမေရိကန်နိုင်ငံ၊ လော့စ်အိန်ဂျလိစ်မှာကစားခဲ့တဲ့ခြေစမ်းပွဲမှာ ပွဲချိန် ၈၄ မိနစ်အရောက် သွင်းယူခဲ့တဲ့ လူးဝစ်အေဘရမ်ရဲ့ တစ်လုံးတည်းသော ဂိုးနဲ့ ကမ္ဘာ့ချန်ပီယံ ၅ ကြိမ်ရှင်ဘရာဇီးရဲ့ တစ်နှစ်ကျော်ကြာမှ ပထမဆုံးရှုံးပွဲနဲ့ ပြန်လည် ရင်ဆိုင်စေခဲ့ပါတယ်။

တိုက်စစ်မှာ နေမာ၊ ဗင်နီစီးယပ်ဂျူနီယာ၊ လူကပ်စ်ပါကွေတာနဲ့ ဘရူနိုဟင်းနရစ်တို့ကို ဒုတိယပိုင်းမှာထည့်သွင်းပြီး ဂိုးရဖို့ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။

ဘရာဇီး အသင်းဟာ ဇူလိုင်လက ကိုပါအမေရိကဖလားဗိုလ်လုပွဲမှာ ပီရူးကို ၃-၁ နဲ့အနိုင်ယူခဲ့ပါတယ်။

တစ်ဖက်မှာတော့ အာဂျင်တီးနားအသင်းဟာ မက္ကစီကိုအသင်းကို ၄-၀ ဆိုတဲ့ရလဒ်နဲ့ ဂိုးပြတ်အနိုင်ရခဲ့ပါတယ်။

ဒီပွဲမှာ အင်တာမီလန်တိုက်စစ်မှူးမာတီနက်ဇ်က ၂၂ မိနစ်နဲ့ ဟက်ထရစ် သွင်းယူနိုင်ခဲ့ပြီး ကျန်ဂိုးကိုတော့ ပီအက်ဂျီ ကွင်းလယ်လူ ပါရီဒက်စ်က ပင်နယ်တီကနေ သွင်းယူခဲ့ပါတယ်။

အာဂျင်တီးနားအသင်းမှာ အဓိကကစားသမားတွေဖြစ်တဲ့ မက်ဆီ၊ အဂူရိုနဲ့ ဒီမာရီယာတို့ မပါဝင်ပေမယ့် ပထမပိုင်းမှာပဲ ၄ဂိုးပြတ် သွင်းထားနိုင်တာပဲဖြစ်ပါတယ်။

#ဖီဖာ #ပီရူး