ရှေ့သို့
Image

ဆန်ချိုကို အာဆင်နယ် အသင်းထံခေါ်ယူဖို့ကြိုးပမ်းခဲ့တယ်လို့ဆိုလိုက်တဲ့ နည်းပြကြီး ၀င်းဂါး

4:10 PM, 11 September

အာဆင်နယ်အသင်းနည်းပြဟောင်း အာစင်ဝင်းဂါးကတော့ သူဟာ တိုက်စစ်ကစားသမား ဆန်ချိုကို လန်ဒန်ကိုခေါ်ဆောင်ဖို့ အတွက် ကြိုးပမ်းခဲ့တယ်လို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

အဆိုပါအင်္ဂလန်သားဟာ အင်္ဂါနေ့ညကကစားခဲ့တဲ့ ကိုဆိုဗိုအသင်းကို ၅-၃ဂိုးနဲ့အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ ခြေစွမ်းပြကစားနိုင်ခဲ့ပြီး သွင်းဂိုး ၂ဂိုး သွင်းယူနိုင်ခဲ့သလို စီးတီးအသင်းက တစ်ပတ်လုပ်ပေါင် ၃သောင်းခွဲနဲ့ အသင်းမှာ ဆက်နေဖို့ကမ်းလှမ်းခဲ့ပေမယ့် ၂၀၁၇ ခုနှစ်ထွက်ခွာခဲ့တာဖြစ်ပါတယ်။

အဲ့နောက်မှာတော့ ဆန်ချိုဟာ ဂျာမန်ကလပ် ဒေါ့မွန်အသင်းထံပြောင်းရွှေ့ခဲ့ပြီး ခြေစွမ်းကောင်းတွေဆက်တိုက်ပြသနေပါတယ်။

ဒါကြောင့် ယူနိုက်တက်အသင်းက အဆိုပါတိုက်စစ်ကစားသမားကိုခေါ်ယူဖို့ချိန်ရွယ်လာခဲ့တာဖြစ်ကာ နည်းပြကြီး အာစင်ဝင်းဂါးကလည်း အာဆင်နယ်အသင်းမှာရှိစဉ်တုန်းက ဆန်ချိုကိုခေါ်ယူဖို့ပစ်မှတ်ထားခဲ့တာပါ။

“ကျွန်တော်သူ့ကို မန်စီးတီးကနေထွက်ခွာတုန်းက အသင်းထံခေါ်ယူဖို့ကြိုးပမ်းခဲ့ပါတယ်။ ဒါပေမယ့်သူကတော့ လန်ဒန်ကိုငြင်းဆန်ပြီး ဂျာမန်ကိုရွေးချယ်ခဲ့ပါတယ်။ အခုတော့သူဟာ အကောင်းဆုံးကစားသမားတွေထဲက တစ်ဦးဖြစ်လာပါတယ်”လို့ ၀င်းဂါးက beIN Sports နဲ့အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။

နည်းပြကြီး အာစင်ဝင်းဂါးဟာ ဆန်ချိုအပြင် အခြားနာမည်ကြီးကစားသမားတွေဖြစ်တဲ့ ခရစ္စတီယာနို ရော်နယ်ဒို ၊ ဇလာတန် အီဘရာဟီမိုဗစ် ၊ ကိုင်လီ မက်ပီ ၊ မက်ဆီ စတဲ့ကစားသမားတွေကို ခေါ်ယူဖို့ နီးစပ်ခဲ့သေးတာဖြစ်ပါတယ်။

#ဆန်ချို