ရှေ့သို့
Image

ရက်ရှ်ဖို့ဒ်ကို ကစားသမားဘ၀ အဆုံးသတ် သွားစေနိုင်တဲ့ ဆန်ချိုရဲ့ ခြေစွမ်း

3:48 PM, 11 September

ယူနိုက်တက် ပရိသတ်တွေကတော့ ဆန်ချိုဟာ တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ထက် သာလွန်တဲ့ခြေစွမ်းတွေ ရှိနေပြီး ယူနိုက်တက်မှာလည်း ဒီလို ခြေစွမ်းတွေ ပြသနိုင်မယ်လို့ ယုံကြည်နေကြပါတယ်။ ၁၉ နှစ်အရွယ် ဆန်ချိုဟာ ကိုဆိုဗိုနဲ့ ပွဲစဉ်မှာ အင်္ဂလန်အတွက် ပထမဆုံးသွင်းဂိုးကို သွင်းယူပေးခဲ့ပါတယ်။ 

ဆန်ချိုဟာ ယမန်နေ့က ပွဲစဉ်မှာ ရက်ရှ်ဖို့ဒ်ထက် အရင် ပွဲထွက်ခွင့်ရခဲ့ပြီး အင်္ဂလန်အသင်းက ၅-၃ ဖြင့် အနိုင်ရခဲ့ပါတယ်။ ပွဲချိန် ၄၄ မိနစ်မှာ ဆန်ချိုဟာ သူ့ရဲ့ အင်္ဂလန်အတွက် ပထမဆုံးဂိုးကို သွင်းယူပေးခဲ့ပြီး တစ်မိနစ်အကြာမှာပဲ နောက်ထပ် သွင်းဂိုးတစ်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။ 

ဆောက်သမ်တန်နဲ့ ပွဲအပြီးမှာတော့ ယူနိုက်တက် ပရိသတ်တွေက ရက်ရှ်ဖို့ဒ်ရဲ့ နေရာကို ဆန်ချိုနဲ့ အစားထိုးဖို့ အသင်းကို တောင်းဆိုခဲ့ကြပါတယ်။ 

ပရိသတ်တစ်ဦးက “ရက်ရှ်ဖို့ဒ်က အင်္ဂလန်မှာ ဘယ်လိုမှ မပါသင့်ပါဘူး။ ဆန်ချိုက သူထက် အများကြီး သာပါတယ်”လို့ ရေးသားခဲ့ပါတယ်။ 

#မန်ချက်စတာယူနိုက်တက် #ဆန္ခ်ဳိ