ရှေ့သို့
Image

နွေရာသီမှာ ဆန်ချိုကို ခေါ်ယူဖို့အတွက် ယူနိုက်တက် ဆွေးနွေးခဲ့တယ်လို့ ဒေါ့မွန် အတည်ပြု

2:05 PM, 11 September

တောင်ပံကစားသမား ဂျာဒန် ဆန်ချိုကို ခေါ်ယူဖို့အတွက် ယူနိုက်တက်က ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ ဒေါ့မွန်အသင်းက အတည်ပြုခဲ့ပါတယ်။ ဆန်ချိုဟာ ကိုဆိုဗိုနဲ့ ပွဲစဉ်မှာ အင်္ဂလန်အသင်းအတွက် ၂ ဂိုး သွင်းယူ နိုင်ခဲ့ပြီး ယူနိုက်တက်ရဲ့ နွေရာသီ ပစ်မှတ်တစ်ခု ဖြစ်ခဲ့ပါတယ်။

ဒေါ့မွန်အသင်းရဲ့ အားကစားဒါရိုက်တာ မိုက်ကယ်ဇော့က ယူနိုက်တက် တာဝန်ရှိသူတွေနဲ့ ဆန်ချိုအတွက် ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ အတည်ပြုခဲ့ပါတယ်။ မိုက်ကယ်ဇော့က ယူနိုက်တက်ဟာ အင်္ဂလန်သား အတွက် ဆွေးနွေးမှုတွေ လုပ်ခဲ့ပေမယ့် သူကိုယ်တိုင်က ဂျာမနီကနေ ထွက်ခွာလိုစိတ် မရှိခဲ့ဘူးလို့ ပြောခဲ့ပါတယ်။

မိုက်ကယ်ဇော့က “ အခုအချိန်မှာ ခေတ်စားနေတာက ယူနိုက်တက်နဲ့ ဆန်ချိုတို့ရဲ့ သတင်းပါပဲ။ သူ့အတွက် အသင်းနဲ့ ယူနိုက်တက် တာဝန်ရှိသူတွေ တွေ့ဆုံခဲ့ကြပါတယ်။ ဒါပေမဲ့ ဆန်ချိုရဲ့ အေးဂျင့်ဖြစ်သူက ဘယ်လောက် ငွေပေးပါစေ၊ နွေရာသီမှာ အသင်းက ထွက်ခွာမှာ မဟုတ်တဲ့အကြောင်း ငြင်းဆန်ခဲ့ပါတယ်”လို့ ပြောခဲ့ပါတယ်။ ပြီးခဲ့တဲ့လကုန်က သတင်းတွေအရ ဆိုးလ်ရှားဟာ ဆန်ချိုကို ခေါ်ယူဖို့ ကြိုးစားနေဆဲလို့ သိရပါတယ်။ 

#မန်ချက်စတာယူနိုက်တက် #ဆန္ခ်ဳိ