ရှေ့သို့
Image

ကိုဆိုဗိုနဲ့ပွဲမှာ ဂိုးသွင်းနိုင်ခဲ့ပြီးနောက် စံချိန်သစ်တင်နိုင်ခဲ့တဲ့ ဆန်ချို

9:18 AM, 11 September

အင်္ဂလန်အသင်းတောင်ပံကစားသမားဂျော်ဒန်ဆန်ချိုဟာ ယမန်နေ့ညက ကိုဆိုဗိုကို ၅-၃ ဂိုးနဲ့အနိုင်ရခဲ့တဲ့ ယူရို ၂၀၂၀ ခြေစစ်ပွဲမှာ ၂ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် ၂၀၀၀ပြည့်နှစ်နောက်ပိုင်း မွေးဖွားသူတွေအနက် အင်္ဂလန်အသင်းအတွက် ဂိုးသွင်းယူနိုင်တဲ့ ပထမဆုံးကစားသမားအဖြစ် စံချိန်သစ်တင်နိုင်ခဲ့ပါတယ်။ အင်္ဂလန်အသင်းဟာ မိုက်ကယ်ကိန်းရဲ့အမှားကြောင့် တစ်မိနစ်မပြည့်ခင်မှာပဲ ဦးဆောင်ဂိုးပေးလိုက်ရပေမယ့် အမြန်ဆုံးပြန်လည်နိုးထနိုင်ခဲ့ပြီး ပွဲချိန် ၃၈မိနစ်အရောက်မှာ စတာလင်၊ ဟယ်ရီကိန်းနဲ့ ကိုယ့်ဂိုးကိုယ်သွင်းယူမှုတွေကြောင့် ၃-၁ ဂိုးနဲ့ ပြန်လည်ဦးဆောင်နိုင်ခဲ့ပါတယ်။
စတာလင်က အင်္ဂလန်အတွက် နောက်ဆုံး ၈ပွဲမှာ ၈ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပြီး ပွဲချိန် ၄၄မိနစ်မှာ ဆန်ချိုက ဂိုးသွင်းယူနိုင်ခဲ့သလို နောက် ၂မိနစ်အကြာမှာလည်း သူကပဲ အဆုံးသတ်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ အင်္ဂလန်ဟာ ဒီပွဲမှာ ဂိုးပြတ်အနိုင်ရခဲ့ပေမယ့် ၂၀၁၂ ဖေဖော်ဝါရီလနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အိမ်ကွင်းမှာ ၃ဂိုးပေးလိုက်ရတာဖြစ်ပါတယ်။
ဆန်ချိုဟာ ၂၀၀၄ ဇွန်လက အသက် ၁၈နှစ်၊ ၂၄၁ ရက်နဲ့ ရွန်းနီက ခရိုအေးရှားနဲ့ပွဲမှာ စံချိန်တင်နိုင်ခဲ့ပြီးနောက်ပိုင်း အင်္ဂလန်အသင်းအတွက် တစ်ပွဲတည်းမှာ တစ်ဂိုးထက်ပိုသွင်းယူနိုင်တဲ့ အသက်အငယ်ဆုံးကစားသမားအဖြစ်လည်း စံချိန်တင်နိုင်ခဲ့ပါတယ်။ ဆန်ချိုဟာ ပြီးခဲ့တဲ့ရာသီက ဘွန်ဒက်စ်လီဂါမှာ ဒေါ့မွန်အတွက် ဂိုးဖန်တီးမှု ၁၄ကြိမ်ပြုလုပ်ပေးနိုင်ခဲ့ပြီး ၁၂ဂိုးအထိသွင်းယူနိုင်ခဲ့သလို ယခုရာသီမှာလည်း ၃ပွဲကစားအပြီး သွင်းဂိုး ၂ဂိုး၊ ဂိုးဖန်တီးမှု ၃ကြိမ်ပြုလုပ်ပေးထားနိုင်ပါတယ်။

#ဆန်ချို