ရှေ့သို့
Image

စီးရီးအေတွင် ပြိုင်ဘက်ကစားသမားတွေထက် ၃ဆနီးပါး ပိုများတဲ့လစာရရှိနေတဲ့ ဂျူဗင်တပ်စ်ကြယ်ပွင့် ရော်နယ်ဒို

6:36 AM, 11 September

ပေါ်တူဂီကြယ်ပွင့် ခရစ္စတီယာနိုရော်နယ်ဒိုဟာ စီးရီးအေတွင် တခြားသော ပြိုင်ဘက်ကစားသမားတွေထက် လစာအများဆုံးရရှိနေပြီး ဒီလစ်ခ်ျ၊လူကာကူတို့ ကလည်း ရော်နယ်ဒိုရဲ့နောက်မှာ ရပ်တည်ကာ လစာအများဆုံးထိပ်ဆုံး၃ယောက်တွင် ပါဝင်လျက်ရှိပါတယ်။

GazzaSportရဲ့ ဖော်ပြချက်အရ ဂျူဗင်တပ်စ်ကစားသမားဟာ တစ်နှစ်စာ ယူရို၃၁သန်းရရှိနေပြီး စီးရီးအေတွင် ဒုတိယအများဆုံးရနေတဲ့ ဒီလစ်ခ်ျထက် လစာ၃ဆခန့် ပိုများနေတာပါ။

အေဂျက်ကနေ နွေရာသီက ခေါ်ယူထားတဲ့လူငယ်နောက်ခံလူဟာ တစ်နှစ်စာအတွက် အပိုဆုကြေး  ယူရို၎သန်းနဲ့ အတူ  ယူရို၈သန်း ရရှိနေတာ ဖြစ်ပါတယ်။

အီတလီကို နောက်ထပ်ရောက်လာတဲ့ ယူနိုက်တက်တိုက်စစ်မှူးဟောင်း လူကာကူဟာလည်း အပိုဆုကြေး ယူရို၁.၅သန်းအပြင် တစ်နှစ်တစာ ယူရို၇.၅သန်း ရရှိနေပါတယ်။

အလားတူ ဟီဂူအင်၊ဒိုင်ဘာလာနဲ့ အာဆင်နယ်ကနေ ပြောင်းရွေ့ လာတဲ့ ရမ်ဆေးတို့ ဟာလည်း စီးရီးအေရဲ့ လစာအကောင်းဆုံး ကစားသမားများတွင် ပါဝင်ခဲ့ပါတယ်။

စီးရီးအေဖလားကို ၈နှစ်ဆက်တိုက် ရရှိထားတဲ့ ရော်နယ်ဒိုပါဝင်တဲ့ ဂျူဗင်တပ်စ်အသင်းဟာ ၂၀၁၉ရာသီကို ရလဒ်ကောင်းတွေ ပိုင်ဆိုင်ထားပြီး ပါးမား၊ နာပိုလီတို့ ကို အနိုင်ယူထားပါတယ်။

ရော်နယ်ဒိုဟာ စီးရီးအေမှာ လစာအများဆုံးရနေပေမယ့် ပြင်သစ်ဘောလုံးက ထုတ်ပြန်တဲ့စာရင်းတွင် ကမ္ဘာအများဆုံး  လစာရရှိနေတဲ့ ကစားသမားတွင် ဒုတိယနေရာသာ ချိတ်ခဲ့ပြီး ဘာစီလိုနာကြယ်ပွင့် မက်ဆီက ထိပ်ဆုံးမှာ ရပ်တည်နေပါတယ်။

ပြင်သစ်ဘောလုံးက စာရင်းပြုစုရာတွင် အာဂျင်တီးနားသားမက်ဆီဟာ အပိုဆုကြေး၊ကြေညာခနဲ့ လစာအပါအ၀င် ယူရိုသန်း၁၃၀ခန့် ရရှိနေပြီး ရော်နယ်ဒိုက ယူရို၁၁၃သန်း ရရှိနေတာ ဖြစ်ပါတယ်။

#စီးရီးအေ #လူကာကူ #ဒီလစ်ဂ်ျ