ရှေ့သို့
Image

လွန်ခဲ့တဲ့ ၆ လက ဆိုးလ်ရှားရဲ့ အကြံပေးချက်ကို နားမထောင်ခဲ့တဲ့ ရက်ရှ်ဖို့ဒ်

4:49 PM, 10 September

ယူနိုက်တက် တိုက်စစ်မှူး မားကပ်စ် ရက်ရှ်ဖို့ဒ်ဟာ နည်းပြ ဆိုးလ်ရှား အလိုရှိနေတဲ့ တိုက်စစ်မှူးတစ်ယောက် ဖြစ်မလာသေးပါဘူး။ မတ်လတုန်းက ဆိုးရှားဟာ ရက်ရှ်ဖို့ဒ်ကို ဧရိယာထဲမှာ မြေခွေးတစ်ကောင်လို သွက်လက် တဲ့ ကစားသမားအဖြစ် အလိုရှိနေတယ်လို့ ပြောကြားထားခဲ့ပါတယ်။
ဆိုးလ်ရှားက “ သူ(ရက်ရှ်ဖို့ဒ်) ဟာ လူကာကူ ပြီးခဲ့တဲ့ ပွဲစဉ်အနည်းငယ်က သွင်းယူခဲ့တဲ့ ဂိုးတွေလို အနီးကပ် ပိတ်သွင်းမှုတွေ ပြုလုပ်နိုင်ဖို့ လိုအပ်ပါတယ်။ ရက်ရှ်ဖို့ဒ် သွင်းယူခဲ့တဲ့ ဂိုးတွေဟာ တစ်ခါတစ်ရံမှာ ကောင်းမွန်ပြီးတော့ အားပါတဲ့ ကန်ချက်တွေ ပြုလုပ်နိုင်ပါတယ်။ ဒါပေမယ့် ရော်နယ်ဒိုရဲ့ ငယ်စဉ်ကနေ ယခုအချိန်အထိ သွင်းဂိုးတွေက တိုးတက်မှုတွေ ရှိလာတာကို ခင်ဗျားတို့ မြင်တွေ့ရမှာပါ။ သူ ဂိုးဧရိယာ အတွင်းမှာ ပိုပြီးတော့ ဂိုးသွင်းလာနိုင်ပါတယ်။ ဒါက သူ (ရက်ရှ်ဖို့ဒ်) တိုးတက်ဖို့ လိုအပ်နေတဲ့ အချက်ပါပဲ။ သူရဲ့ ပိတ်သွင်းချက်တွေ၊ လှုပ်ရှားမှုတွေ၊ ဧရိယာထဲမှာ နေရာယူပုံတွေ၊ တစ်ဖက်နောက်ခံလူတွေကို ကျော်ဖြတ်ပုံတွေ တိုးတက်ဖို့ လိုနေပါသေးတယ်။ သူ ဧရိယာထဲမှာနေပြီး နောက်ထပ် ၅ ဂိုး၊ ၁၀ ဂိုးလောက် သွင်းနိုင်ပါ သေးတယ်”လို့ ပြောခဲ့ပါတယ်။
ဒါပေမယ့် ချန်ပီယံလိဂ်မှာ ပီအက်စ်ဂျီအသင်းကို အသည်းခွဲခဲ့ပြီး ၆ လအကြာမှာတော့ ကစားသမားကောင်း တစ်ယောက်ဆိုတာ သက်သေပြနိုင်ဖို့ လိုအပ်နေသေးကြောင်း သိခဲ့ရပါတယ်။ ယူနိုက်တက်ရဲ့ ယခုနှစ် ရာသီအစ ရလဒ်တွေ ရှုပ်ထွေးနေခဲ့သလို ရက်ရှ်ဖို့ဒ်ရဲ့ ခြေစွမ်းကလည်း အတက်အကျ မြန်ခဲ့ပါတယ်။
သူဟာ ချဲလ်ဆီးနဲ့ အဖွင့်ပွဲစဉ်မှာ ၂ ဂိုးသွင်းယူနိုင်ခဲ့ပေမယ့် နောက်ပွဲစဉ်တွေမှာတော့ ၃ ပွဲဆက် ဂိုးပေါက် ပျောက်ခဲ့ပါတယ်။ ဒါတင်မကသေးပဲ ပွဲချိန် တော်တော်များများမှာ ဧရိယာအတွင်း သူ့ကို မတွေ့ခဲ့ရပါဘူး။
တချိုကတော့ သူဟာ တောင်ပံမှာ ထွက်ကစားနေရလို့ ယခုလို ဖြစ်ရတာလို့ ကာကွယ်ကြပေမယ့် ဆိုးလ်ရှားဟာ မာရှယ်နဲ့ ရက်ရှ်ဖိုဒ်ကို တစ်လှည့်စီ တောင်ပံထွက် ကစားစေခဲ့တာကြောင့် ဒါက ဆင်ခြေတစ်ခုတော့ မဟုတ်ခဲ့ပါဘူး။
ရက်ရှ်ဖို့ဒ်ဟာ ယခုနှစ်ရာသီ ဧရိယာထဲမှာ ဘောလုံး ၁၃ ကြိမ်ထိခဲ့ပေမယ့် ဂိုး ၃၀ လောက် သွင်းယူနိုင်ဖို့  လိုအပ်နေတာကြောင့် ဒါက ကောင်းမွန်တဲ့ အခြေအနေမှာ ရှိမနေဘူးလို့ သတ်မှတ်ရမှာပါ။ အခြား ကစားသမားတွေနဲ့ ယှဉ်ရင်လည်း အင်္ဂလန်သားရဲ့ အချက်အလက်တွေက သိသာစွာ အားနည်းနေတာကို မြင်တွေ့ရမှာပါ။
အာဆင်နယ် တိုက်စစ်မှူး အူဘာမီယန်းဟာ ယခုနှစ်ရာသီမှာ ၃ ဂိုး သွင်းယူခဲ့ပြီဖြစ်သလို ဧရိယာထဲမှာ ၁၉ကြိမ် အထိ ဘောလုံးထိ ထားခဲ့ပါတယ်။ လီဗာပူး တိုက်စစ်မှူး ဖာမီနိုဟာ ၂ ဂိုး သွင်းယူထားပြီး ဧရိယာထဲမှာ အကြိမ် ၂၀ ဘောလုံး ထိထားခဲ့ပါတယ်။
ဝက်စ်ဟမ်းနဲ့ ပွဲစဉ်မှာ အရန်ကစားသမားအဖြစ် ပါဝင်ခဲ့တဲ့ အဂူရိုကတောင် ၆ ဂိုး သွင်ယူထားပြီဖြစ်ပြီး ၁၇ ကြိမ် ဧရိယာထဲမှာ ဘောလုံးထိခဲ့ပါတယ်။
အခြား ပရီးမီးယားလိဂ် ကစားသမားတွေကလည်း ရက်ရှ်ဖို့ဒ်ထက် ပိုပြီး စွမ်းဆောင်ထားနိုင်တာကို မြင်တွေ့ရပါတယ်။ လက်စတာတိုက်စစ်မှူး ဗာဒီဟာ ၃ ဂိုး သွင်းယူထားပြီး ဧရိယာထဲမှာ ၁၄ ကြိမ် ဘောလုံးထိ ထားခဲ့ပါတယ်။
ဝုဗ်တိုက်စစ်မှူး ဂျီမီနက်ဇ်ဟာ ဧရိယာထဲမှာ ၁၇ ကြိမ် ဘောလုံးထိခဲ့ပါတယ်။ နောဝစ်ခ်ျတိုက်စစ်မှူး ပက်ကီဟာ ၅ ဂိုးသွင်းယူထားပြီး ၁၉ ကြိမ် ဘောလုံးထိ ထားခဲ့ပါတယ်။ အဆိုပါ ကစားသမား အားလုံးက ရက်ရှ်ဖို့ဒ်ထက် သာလွန်နေပြီး အကြောင်းအရင်းကလည်း ဆိုးလ်ရှားပြောခဲ့သလို အနီးကပ် ပိတ်သွင်းမှုတွေ မပြုလုပ်နိုင်ခဲ့တာကြောင့်ပါ။ 
ဒါဟာ မတ်လတုန်းက ဆိုးလ်ရှားရဲ့ အကြံပေးချက်တွေကို ရက်ရှ်ဖို့ဒ်တစ်ယောက် မလိုက်နာခဲ့ဘူး ဆိုတာကို သက်သေပြနေခဲ့တာပဲ ဖြစ်ပါတယ်။

#မနျခကျြစတာယူနိုကျတကျ #အဂူရို #ဖာမီနို #ဆိုးလ်ရှား