ရှေ့သို့
Image

အာဆင်နယ်အသင်း အီဝိုဘီကို ရောင်းချခဲ့တာဟာ ကြီးမားတဲ့ မှားယွင်းမှုဖြစ်ကြောင်း ကနူးဆို

2:04 PM, 10 September

အာဆင်နယ်အသင်းဟာ တောင်ပံကစားသမား အီဝိုဘီကို ရောင်းချခဲ့တာဟာ ကြီးမားတဲ့ မှားယွင်းမှုဖြစ်ကြောင်း ဂန္တ၀င် တိုက်စစ်မှူး ကနူးက ပြောကြားခဲ့ပါတယ်။ ကနူးက အသက် ၈ နှစ်အရွယ်ထဲက အသင်းမှာ ကစားခဲ့တဲ့ အီဝိုဘီလို ငယ်မွေးခြံပေါက် ကစားသမားကို အသင်းအနေနဲ့ ဆက်လက် ထိန်းထားသင့်ကြောင်း ယုံကြည်လျက် ရှိနေပါတယ်။

အီဝိုဘီဟာ အပြောင်းအရွှေ့ နောက်ဆုံးရက်မှာ အဲဗာတန်အသင်းကို ပေါင် သန်း ၄၀ နဲ့ ပြောင်းရွှေ့သွားခဲ့တာ ဖြစ်ပါတယ်။ အဲဗာတန်အသင်းဟာ ဇာဟာအတွက် ခရစ္စတယ်ပဲလေ့စ်နဲ့ ဆွေးနွေးမှု မအောင်မြင်ခဲ့တာကြောင့် အီဝိုဘီဘက်ကို မြားဦးလှည့်သွားခဲ့တာ ဖြစ်ပါတယ်။ 

အာဆင်နယ်အသင်းဟာ အီဝိုဘီအတွက် အဲဗာတန်ရဲ့ ပေါင် သန်း ၃၀ နဲ့ ကနဦး ကမ်းလှမ်းချက်ကို ငြင်းပယ်ခဲ့ပေမယ့် အပြောင်းအရွှေ့ ပိတ်ခါနီး နာရီပိုင်းအလိုမှာ သန်း ၄၀ နဲ့ ရောင်းချခဲ့တာပါ။ အဆိုပါ အပြောင်းအရွှေ့ဟာ အပြောင်းအရွှေ့မှာ ငွေသုံးထားတဲ့ အာဆင်နယ်အသင်းရဲ့ ဘက်ဂျက်ကို ပြန်လည် ဖြည့်တင်းနိုင်ခဲ့ပါတယ်။

ဒါပေမယ့် ကနူးကတော့ အဆိုပါ ဆုံးဖြတ်ချက်ဟာ မှားယွင်းတယ်လို့ ဆိုခဲ့ပါတယ်။ 

ကနူးက “ကျွန်တော်ကတော့ အသင်းက ၁၀၀% အမှား လုပ်ခဲ့တယ်လို့ ပြောချင်ပါတယ်။ သူက ငယ်စဉ်ကတည်းက အသင်းမှာ ရှိနေတဲ့ ကစားသမားဖြစ်ပြီး အသင်းကိုလည်း ချစ်မြတ်နိုးခဲ့တာပါ။ သူအပတ်တိုင်း ၀င်ထွက်ကစားခဲ့ပြီး ပရိသတ်တွေက အဲ့ဒါကို အသိအမှတ် ပြုသင့်ပါတယ်။ သူက ငယ်သေးတဲ့ ကစားသမားလို့ ကျွန်တော်ထင်ပြီး အသင်းမှာ ကြီးလာပြီးတော့ အသင်းအတွက် ဘာမဆို ပေးဆပ်မယ့် ကစားသမား တစ်ယောက်ဖြစ်ပါတယ်။ သူက အဲ့လိုကစားသမားမျိုး ဖြစ်တာတောင် အသင်းက သူ့ကို ရောင်းချခဲ့တာက အံ့အားသင့်စရာပါပဲ။ ဒီလိုရောင်းခဲ့တာကို ကျွန်တော် တကယ်မယုံနိုင်ပါဘူး။ ဒါပေမယ့် ဒါက ဘောလုံးလောကပါပဲ ”လို့ ပြောခဲ့ပါတယ်။

#အီဝိုဘီ