ရှေ့သို့
Image

၂၃မိနစ် အတွင်း ဂိုးဖန်တီးမှု ၃ကြိမ်ဆက် ပြုလုပ်နိုင်ခဲ့ပြီး စံချိန်တင်ခဲ့တဲ့ ဒီဘရိုင်း

12:21 PM, 10 September

ဘယ်လ်ဂျီယံကွင်းလယ်လူ ကီဗင်ဒီဘရိုင်းဟာ ယူရို ခြေစစ်ပွဲအဖြစ် စကော့တလန်နဲ့ ပွဲစဉ်မှာ ၂၃မိနစ် အတွင်း ဂိုးဖန်တီးမှု ၃ကြိမ်ဆက် ပြုလုပ်ကာ ကြီးမားတဲ့ စံချိန်တင်သွားခဲ့ပါတယ်။

မန်စီးတီး ကွင်းလယ်လးဟာ ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်တွေမှာ ပွဲချိန် ၄၈မိစနတိုင်း ဖန်တီးမှု ဒါမှမဟုတ် ဂိုးသွင်းယူမှု ပြုလုပ်နိုင်ခဲ့ပြီး စံချိန်တင်ခဲ့သလို ယမန်နေ့ညကလည်း စံချိန်တစ်ခု တပ်မံတင်ခဲ့ပါတယ်။

ပွဲအစ ၈ မိနစ်မှာပဲ ဒီဘရိုင်းက လူကာကူရဲ့ ဂိုးကို ဖန်တီးပေးခဲ့ပါတယ်။ ၂၄မိနစ်မှာတော့ ဒီဘရိုင်းရဲ့ ဖြတ်တင်ပေးပို့မှုကနေ ဗာမယ်လန်းက ခေါင်းတိုက်သွင်းယူခဲ့ပါတယ်။ ၃၂မိနစ်မှာလည်း ဒီဘရိုင်းရဲ့ ပေးပို့မှုကနေ အယ်ဒါဝီရယ်က ထပ်မံသွင်းယူပေးခဲ့ပါတယ်။

ယခုအပတ်တွေအတွင်းမှာ ဒီဘရိုင်းဟာ အကောင်းဆုံ ခြေစွမ်းပြနေခဲ့ပြီး စပါးနဲ့ ပွဲစဉ်မှာလည်း စတာလင်နဲ့ အဂူရိုတို့ရဲ့ ဂိုးတွေကို ဖန်တီးပေးခဲ့ပါသေးတယ်။

မန်စီးတီးအသင်းဟာ ၂၀၁၅ခုနှစ်က ဒီဘရိုင်းကို ၀ုဗ်ဘတ်အသင်းကနေ ကလပ်စံချိန်တင် ပေါင် ၅၅သန်းနဲ့ ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပါတယ်။ အားလုံးသိကြတဲ့အတိုင်း ဘယ်လ်ဂျီယံသားစာ ကမ္ဘာမှာ အကောင်းဆုံး ကွင်းလယ်လူတစ်ဦး ဖြစ်လာခဲ့ပါတယ်။

#မနျစီးတီး #စကော့တလန် #ယူရို၂၀၂၀ ခြေစစ်ပွဲ