ရှေ့သို့
Image

ဖီဖာ ၂၀၂၀ က သူ့ရဲ့ Rating ကို ကျေနပ်ခြင်းမရှိတဲ့ ဂျာဒန်ဆန်ချို

10:55 AM, 10 September

ဒေါ့မွန်တောင်ပံ ကစားသမား ဂျာဒန် ဆန်ချိုက ယမန်နေ့က စက်တင်ဘာ ၂၄ မှာ ထွက်လာမယ့် ဖီဖာ၂၀၂၀ ထဲက သူ့ရဲ့ Ratingကို ကျေနပ်ခြင်း မရှိဘူးလို့ သိရပါတယ်။ ၁၉ နှစ်အရွယ် ကစားသမားဟာ ၂၀၁၈-၁၉ ရာသီ လိဂ် ၅ လိဂ်ရဲ့ ဖန်တီးမှု အများဆုံး ကစားသမားအဖြစ် စံချိန်တင်ထားခဲ့ပေမယ့် ဖီဖာကတော့ ဆန်ချိုရဲ့ ဘောလုံး ပေးပို့မှုကို ၇၇ သာ သတ်မှတ်ထားခဲ့ပါတယ်။
Rating အမြင့်ဆုံး ကစားသမား ၁၀၀ ကို ယမန်နေ့က ထုတ်ပြန်ခဲ့ရာမှာ ဆန်ချိုက သူ့ရဲ့ ဘောလုံးပေးပို့မှု ၇၇ သာ ရှိခဲ့တဲ့အတွက် တွစ်တာမှာ ပို့စ်တင်ပြီး ပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။ EA Sportကတော့ အဆိုပါ ပို့စ်ရဲ့ အောက်မှာ “ တစ်ဦးချင်း ဖြတ်ကျော်မှု ၉၀ ရှိနေတာကို ဘာလို့ လူပေးဦးမှာလဲလို့ ”ရယ်ရွှင်ဖွယ် ပြန်လည် တုံ့ပြန်ခဲ့ပါတယ်။
ဒါပေမယ့် ဆန်ချိုတစ်ယောက်ကတော့ သူ့ရဲ့ ထင်မြင်ချက်ကို မလျှော့ပါဘူး။ ဟယ်ရီကိန်း၊ သောမက်စ် မူလာတို့က ဆန်ချိုထက် ဘောလုံးပေးပို့မှု Rating ပိုမို သာလွန်နေတဲ့ အခြေအနေက မေးခွန်းထုတ်စရာ ဖြစ်နေခဲ့ပါတယ်။
“ကျွန်တော်ကတော့ ၂ ခုစလုံး ၉၀ ဖြစ်သင့်တာပဲ”လို့ ပြန်လည် ရေးသားခဲ့ပါသေးတယ်။
အလားတူ ဒေါ့မွန်အသင်း တင်ထားခဲ့တဲ့ ၀စ်ဆဲလ်ရဲ့ ဘောလုံးပေးပို့မှုက သူ့ထက် သာလွန်နေတာကြောင့် “ငါ့ထက် ဘောလုံးပေးပို့ပေးမှု ပိုကောင်းနေပါလား”လို့ ရေးသားခဲ့ပါတယ်။
ဖီဖာ ၂၀၂၀ မှာ Rating အမြင့်ဆုံး ကစားသမား ၁၀၀ စာရင်းကို ယမန်နေ့က တရားဝင် ကြေညာခဲ့ရာမှာတော့ မက်ဆီက ထိပ်ဆုံးမှာ ဦးဆောင်နေခဲ့ပါတယ်။ မက်ဆီဟာ Rating ၉၄ ရှိခဲ့ပြီး ရော်နယ်ဒိုကတော့ ၉၃ ရှိခဲ့ပါတယ်။

#ဆန်ချို