ရှေ့သို့
Image

ဂွမ်ဒိုဇီအတွက် မျှော်လင့်ချက် အများကြီး မထားကြဖို့ သတိပေးလိုက်တဲ့ ဒက်စ်ချမ့်

9:02 AM, 10 September

ပြင်သစ်နည်းပြ ဒက်စ်ချမ့်က အသက် ၂၀ အရွယ် ကွင်းလယ်လူ ဂွမ်ဒိုဇီအတွက် မျှော်လင့်ချက်အရမ်းကြီး မထားကြဖို့ ပရိသတ်တွေကို အသိပေးခဲ့ပါတယ်။ ဂွမ်ဒိုဇီဟာ အာဆင်နယ်အသင်းမှာ ပရီးမီးယားလိဂ် ပွဲစဉ် (၄) ပွဲစလုံး ပါဝင်ကစားထားပြီး နည်းပြ အမ်မရီရဲ့ အဓိက ကစားသမား ဖြစ်နေခဲ့ပါတယ်။
အဆိုပါ ပွဲစဉ်တွေမှာလည်း ခြေစွမ်းပြနိုင်ခဲ့တာကြောင့် ပြင်သစ်အသင်းကြီးရဲ့ ရွေးချယ်ခြင်းကို ခံခဲ့ရပါတယ်။ ဒါပေမဲ့ အယ်လ်ဘေးနီးယားနဲ့ ပွဲစဉ်မှာတော့ အရန်ခုံမှာသာ ရှိနေခဲ့ပြီး ဒက်စ်ချမ့်ကတော့ သူဟာ ဂွမ်ဒိုဇီရဲ့ ပရိသတ်တစ်ဦးဖြစ်ပေမယ့် ယခုအချိန်မှာတော့ အရမ်းကြီးမျှော်လင့်ချက်တွေ မထားကြဖို့ ပြောခဲ့ပါတယ်။
ဒက်စ်ချမ့်က “အရမ်းကြီးတွေ မမေးပါနဲ့။ သူက ယူ-၂၁ လူငယ်ကစားသမား တစ်ယောက်ဖြစ်ပြီး အာဆင်နယ်လို ပြိုင်ဆိုင်မှု ပြင်းထန်တဲ့အသင်းမှာ နေရာတစ်ခု ရထားခဲ့တာပါ။ သူက မော်ဒန် ဘောလုံးလောကရဲ့ box  to box ကစားသမားတစ်ယောက်ဖြစ်ပြီး ပါဝါနဲ့ နည်းစနစ်ပိုင်းလည်း ကောင်းမွန်ပါတယ်။ ကျွန်တော် လူငယ်ကစားတွေဆီက မျှော်လင့်တာက လန်းဆန်းမှုနဲ့ အရှိန်အဟုန် ကောင်းမွန်ဖို့ပါ။ သူက လူငယ်ကစားသမား တစ်ယောက်ဖြစ်ပေမယ့် အလားအလာ အများကြီး ရှိပါတယ်”လို့ ပြောခဲ့ပါတယ်။
အလားတူ အခြား ဘောလုံးရေးရာ သုံသပ်သူတွေဖြစ်တဲ့ ဒါရင်းဘန့်၊ ကော်လီမိုးတို့ကလည်း ဂွမ်ဒိုဇီကို ချီးကျူးမှုတွေ ပြုလုပ်ထားခဲ့ကြပါတယ်။

#ဂွမ်ဒိုဇီ