ရှေ့သို့
Image

မိမိရဲ့ ခြေစွမ်းကို ဆက်ကြိုးစားပြီး ထိပ်တန်းအဆင့်မှာ ကစားချင်ပါတယ်လို့  ဖွင့်ဟလာတဲ့ ယူနိုက်တက်ပစ်မှတ် မက်ဒီဆင်

8:41 PM, 9 September

ယခုနှစ်အတွင်း ယူနိုက်တက်ရဲ့ အဓိကပစ်မှတ်ထားခြင်းခံနေရတဲ့ လက်စတာအသင်းရဲ့ ကွင်းလယ်ဖန်တီးရှင် မက်ဒီဆင်က ၎င်းရဲ့ ခြေစွမ်းကို ဆက်လက်တိုးတက်လာအောင် ကြိုးစားပြီး ထိပ်တန်းအဆင့်မှာ ကစားချင်တယ်လို့ ဖွင့်ဟလာပါတယ်။

အင်္ဂလန်သားဟာ ပြီးခဲ့တဲ့နှစ်တွေက ၎င်းရဲ့ အနာဂတ်ကို ဖွင့်ဟ ပြောကြားခြင်း မရှိခဲ့ပေမယ့် လက်ရှိမှာတော့ လာမယ့်နှစ်တွေ အတွင်း ရည်မှန်းချက် အတိုင်း အမြင့်ဆုံးသို့ ရောက်အောင် သွားချင်တယ်လို့ ဝန်ခံလိုက်ပါတယ်။

မယ်ရာသတင်းစာကို မက်ဒီဆင်က ပြောရာမှာ
“ကျွန်တော်အရည်အချင်းရှိသလောက် ထိပ်တန်းအဆင့်မှာ ကစားချင်ပါတယ်

ပြီးခဲ့တဲ့အပြောင်းအရွေ့ တွေအကြောင်း ပြန်တွေးရတာ ကျွန်တော် ကြိုက်နှစ်သက်ပါတယ် စကောတလန်ရဲ့ လိဂ်ဝမ်းမှာ ကစားတယ် နောက်တော့ ချန်ပီယံရှစ် ၊ ပရီးမီးယားလိဂ်ပေါ့   “

ဟု ဖွင့်ဟသွားခဲ့ပါတယ်။

နိုင်ငံတကာ ရက်သတ္တပတ်တွေ အပြီးမှာ မက်ဒီဆင်ဟာ ကင်းပါဝါကို ပြန်လာမှာ ဖြစ်ပြီး လာမယ့် ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် အိုးထရက်ဖို့ ဒ်ကွင်းတွင် ယူနိုက်တက် အသင်းနဲ့ ရင်ဆိုင် သွားရမှာ ဖြစ်ပါတယ်။

#မနျခကျြစတာယူနိုကျတကျ #မက်ဒီဆင်