ရှေ့သို့
Image

ပရီးမီးယားလိဂ်မှာ ဘယ်တောင်ပံကစားသမားမှ ၀မ်ဘစ်ဆာကာကိုမကျော်ရဲဘူးလို့ပြောလိုက်တဲ့ ၀က်စ်ဘရောင်း

7:09 PM, 9 September

မန်ချက်စတာယူနိုက်တက်အသင်းခံစစ်မှူးဟောင်းဝက်စ်ဘရောင်းက ပရီးမီးယားလိဂ်ကတောင်ပံကစားသမားတွေအနေနဲ့ ယူနိုက်တက်ကအသစ်ခေါ်ယူထားတဲ့ အာရွန်ဝမ်ဘစ်ဆာကာကို ကျော်ဖြတ်ဖို့ကြောက်ရွံ့နေတာကြောင့် ဘစ်ဆာကာဟာအကောင်းဆုံးညာနောက်ခံလူတွေထဲကတစ်ဦးဖြစ်လာပြီလို့ ပြောခဲ့ပါတယ်။

ဘရောင်းက ၀မ်ဘစ်ဆာကာဟာ ဘောလုံးကစားရာမှာ ပါးနပ်ပြီးတော့ အင်္ဂလိပ်ထိပ်တန်းအသင်းတွေကခံစစ်ကစားသမားတွေထဲကအကောင်းဆုံးကစားသမားဖြစ်လာလိမ့်မယ်လို့ ယုံကြည်နေပါတယ်။

ယူနိုက်တက်ကစားသမားဟောင်းကြီးက ''သူကတော်တော်အံ့သြဖို့ကောင်းတာပဲ။ ယူနိုက်တက်အတွက်အကောင်းဆုံးခေါ်ယူမှုတစ်ခုဖြစ်လာနိုင်တယ်။ ပွဲတိုင်းကိုအကောင်းဆုံးကစားပုံနဲ့စတင်တယ်။ သူ့ရဲ့လျှောထိုးဖျက်ထုတ်မှုတွေကလည်းတကယ်ကောင်းတယ်။ သူက ခရစ္စတယ်ပဲလေ့စ်ကနေရောက်လာပြီးတော့ မန်ချက်စတာယူနိုက်တက်အတွက် ပထမဆုံးကစားရတဲ့ပွဲမှာကတည်းကခြေစွမ်းပြနိုင်ခဲ့လို့ ပရိသတ်တွေရော ကျွန်တော်တို့ပါ အံ့အားသင့်ခဲ့ရတယ်။ သူကဒီမှာကစားရတာကိုသဘောကျပြီးတော့ သူနေချင်တဲ့နေရာကလည်းယူနိုက်တက်ပါပဲ။ သူသာဒီပုံစံအတိုင်းဆက်ကစားသွားနိုင်ရင် ညာနောက်ခံလူနေရာမှာသူကအကောင်းဆုံးကစားသမားတစ်ဦးဖြစ်လာမှာသေချာပါတယ်။

သူကငယ်ရွယ်တယ်။ သူ့ခြေစွမ်းကဆက်တိုးတက်ဖို့ပဲရှိတယ်။ ပြီးတော့သူ့မှာ နောက်ခံကစားသမားတစ်ဦးမှာ ရှိရမယ့်အရည်အချင်းအားလုံးရှိတယ်။ လျှောထိုးဖျက်ထုတ်တာတွေ၊ လူကပ်ကစားတာတွေဆို သူမတူအောင်ကောင်းတယ်။ ကျွန်တော်မြင်ဖူးသမျှထဲမှာ သူ့ထက်ပိုကောင်းတဲ့ကစားသမားတွေတောင် သူ့ကိုမကျော်နိုင်လို့ နောက်ပြန်လှည့်ပြီး ဘောလုံးပေးခဲ့ရတဲ့အထိပါပဲ။ သူကအခုလိုအရည်အချင်းအားလုံးရှိနေတော့ သူ့ကိုဘယ်ပြိုင်ဘက်ကစားသမားမှ ကျော်ဖြတ်ချင်မှာမဟုတ်ပါဘူး။ လူတွေကတော့ သူလျှောထိုးတာများလွန်းတယ်လို့ဝေဖန်ကြတယ်။ ဒါပေမယ့်ကျွန်တော်ကတော့ သူ့ရဲ့ဖျက်ထုတ်မှုတွေက ပြီးပြည့်စုံတယ်လို့ထင်တယ်။ ဒီလိုကစားသမားမျိုး အသင်းမှာရှိနေရင် ပြိုင်ဘက်တွေကသူ့ကိုကျော်ဖြတ်လို့မရဘူးဆိုတာသဘောပေါက်သွားလိမ့်မယ်။ အဲဒီမှာ သူတို့ကနောက်ပြန်ပေးကြတော့ အသင်းအတွက် အားသာချက်တစ်ခုဖြစ်လာတယ်''လို့ ၀မ်ဘစ်ဆာကာကို ချီးကျူးသွားခဲ့ပါတယ်။

#မန်ချက်စတာယူနိုက်တက် #၀မ္ဘစ္ဆာကာ