ရှေ့သို့
Image

အသင်းမှာ အဲရစ်ဆင် ဆက်ရှိနေတာ အရမ်းကောင်းတယ်လို့ ထုတ်ဖော်ခဲ့တဲ့ ဟယ်ရီဝင့်ခ်

5:01 PM, 9 September

စပါးကွင်းလယ်လူ အဲရစ်ဆင်ဟာ ဥရောပ အပြောင်းအရွှေ့ပိတ်သိမ်းချိန်အထိ အပြောင်းအရွှေ့ မဖြစ်မြောက်ခဲ့တာကြောင့် လာမယ့် ဇန်န၀ါရီလအထိ စပါးအသင်းမှာ ဆက်ရှိနေတော့မှာပဲ ဖြစ်ပါတယ်။

အသက် ၂၇ နှစ်အရွယ် ကွင်းလယ်ဖန်တီးရှင်ဟာ စာချုပ်နောက်ဆုံးနှစ်ထဲ ရောက်ရှိနေပြီ ဖြစ်ပါတယ်။ ကစားသမားကိုယ်တိုင်က စိန်ခေါ်မှုအသစ်တွေနဲ့ ရင်ဆိုင်လိုတယ်လို့ ထုတ်ပြောထားပြီး ရီးရဲမက်ဒရစ်နဲ့ ဘာစီလိုနာတို့ကို ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေပါတယ်။

စပါးအသင်းဖော် ဟယ်ရီဝင့်ခ်ကတော့ အသင်းမှာ အဲရစ်ဆင် ဆက်ရှိနေတာ ဘယ်လောက်ကောင်းကြောင်း ပြောခဲ့ပါတယ် “ဟုတ်တာပေါ့ဗျာ ၊ ခရစ္စတီယန်က တကယ့်ကို အံ့သြဖို့ကောင်းတဲ့ ကစားသမားပဲ ၊ ဘာသံသယမှ ဖြစ်စရာမလိုဘူး။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်းက အကောင်းဆုံး ကစားသမားတွေထဲက တစ်ဦးပါ။ ခရစ္စတီယန်က ထိပ်တန်း ကစားသမားပီပီ ဘာပဲ ဆုံးဖြတ်ဆုံးဖြတ်ပါ။ သူလုပ်သမျှက သူ့ကို ထိပ်ဆုံးရောက်စေတာတွေ ချည်းပါပဲ။ ဒီရာသီမှာလည်း သူဘယ်လောက်ကောင်းအောင် လုပ်နိုင်တယ်ဆိုတာ ကျွန်တော်တို့အားလုံး သိပြီးသားပါ။ ပရော်ဖက်ရှင်နယ် ပီသသလောက် အရမ်းလည်းတော်တဲ့ ကစားသမား တစ်ဦးဖြစ်ပါတယ် “ လို့ ပြောပြခဲ့ပါတယ်။

စပါးအသင်းဟာ အဲရစ်ဆင်ရဲ့နေရာအတွက် ရေရှည် အစားထိုးလို့ရမယ့် လိုဆယ်ဆိုကို အရန်သင့် ခေါ်ယူထားခဲ့ပေမယ့် နွေရာသီမှာတုန်းက စပို့တင်းလစ္စဘွန်း အသင်းက ဘရူနို ဖာနန်ဒက်စ်ကိုပါ ခေါ်ယူဖို့ စိတ်ဝင်စားခဲ့ပါသေးတယ်။

သို့သော်လည်း စပို့တင်း ဥက္ကဠဖရက်ဒရစ်ကို ဗာရန်ဒါက သူတို့ကစားသမားရဲ့ပြောင်းရွှေ့ကြေးကို ယူရို ၆၅ သန်း (ပေါင် ၅၈ သန်း) သတ်မှတ်ထားတာကြောင့် စပါးဘက်က ခေါ်ယူဖို့ မသင့်ဘူးလို့ ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။

#စပါး #အဲရစ်ဆင် #ဟယ်ရီဝင့်ခ်