ရှေ့သို့
Image

ဖင်လန်နဲ့ ပွဲစဉ်မှာ ရရှိခဲ့တဲ့ အီမာဆင်ရဲ့ ဒဏ်ရာက ချဲလ်ဆီးအတွက် စိုးရိမ်စရာဖြစ်လာ

10:09 AM, 9 September

ချဲလ်ဆီး ဘယ်နောက်ခံလူ အီမာဆင်ဟာ ယမန်နေ့က ဖင်လန်နဲ့ ပွဲစဉ်မှာ ဒဏ်ရာ ရရှိသွားခဲ့တာကြောင့် ချဲလ်ဆီး အသင်းအတွက် ကြီးမားတဲ့ ထိုးနှက်ချက်တစ်ခု ဖြစ်လာနိုင်တယ်လို့ သိရပါတယ်။ အီမာဆင်ဟာ ယူရို ၂၀၂၀ ခြေစစ်ပွဲစဉ်အတွက် ဖင်လန်အသင်းနဲ့ ပွဲစဉ်မှာ ပါဝင်ခဲ့တာ ဖြစ်ပါတယ်။ 

ဒါပေမယ့် အီမာဆင်ဟာ ပွဲအစ ၆ မိနစ်မှာပဲ ဖင်လန်တိုက်စစ်မှူး တီမူ ပက်ကီကို လိုက်လံ တားဆီးရာမှာ ဒဏ်ရာ ရရှိသွားခဲ့တာ ဖြစ်ပါတယ်။ ပက်ကီရဲ့ အီတလီနောက်တန်းကို ထိုးဖောက်မှုအပေါ် အီမာဆင်က လိုက်လံ တားဆီးရာမှာ တံကောက်ကြောဒဏ်ရာ ရရှိခဲ့ဟန် ရှိနေပါတယ်။

ယခု အချိန်မှာတော့ အီမာဆင်ရဲ့ ဒဏ်ရာက စနေနေ့မှာ ကစားမယ့် ၀ုဗ်နဲ့ ပွဲစဉ်အတွက် ချဲလ်ဆီးအသင်းအပေါ် ကြီးမားတဲ့ ထိုးနှက်ချက်တစ်ခု ဖြစ်လာနိုင်ပါတယ်။ အဲ့ဒီနောက်မှာတော့ ချဲလ်ဆီးအသင်းဟာ ဗလန်စီယာ အသင်းနဲ့ ချန်ပီယံလိဂ်ပွဲစဉ် ကစားရမှာဖြစ်ပြီး လီဗာပူးနဲ့ ရင်ဆိုင်သွားရဦးမှာ ဖြစ်ပါတယ်။

ဒီလအတွင်း အခြားပွဲစဉ်တွေ အနေနဲ့တော့ ကာရာဘောင်ဖလား ပွဲစဉ်အဖြစ် ဂရင်စ်ဘီ ဒါမှမဟုတ် မက်လက်စ ဖီးလ် အသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် ဘရိုက်တန်အသင်းနဲ့ အိမ်ကွင်းမှာ ရင်ဆိုင် သွားရမှာ ဖြစ်ပါတယ်။

# အီမာဆင် #ပက်ကီ