ရှေ့သို့
Image

အဲရစ်ဆင်ခေါ်ယူရေးတိုက်ပွဲမှာ ပါဝင်လာတဲ့ အက်သလက်တီကို

5:22 PM, 5 September

စပိန်သတင်းစာ အေအက်စ်ကတော့ အက်သလက်တီကိုမက်ဒရစ်အသင်းဟာ ယူနိုက်တက်အသင်းခေါ်ယူဖို့ ပစ်မှတ်ထားနေတဲ့ စပါးကွင်းလယ်ကစားသမား အဲရစ်ဆင်ကိုခေါ်ယူရေးတိုက်ပွဲမှာ ပါဝင်လာပါတယ်။

အဆိုပါဒိန်းမတ်သား လက်ရှိအပြောင်းအရွှေ့ရာသီမှာ လန်ဒန်ကလပ်အသင်းကနေ ထွက်ခွာမယ်လို့ အတိအလင်းပြောကြားခဲ့တာဖြစ်ပါတယ်။

သတင်းတွေအရတော့ စပိန်ကလပ် အက်သလက်တီကိုအသင်းဟာ အဆိုပါအသက် ၂၇ နှစ်အရွယ်ကစားသမားကိုခေါ်ယူဖို့ ပစ်မှတ်ထားနေတယ်လို့ ဖော်ပြခဲ့ပါတယ်။

ကွင်းလယ်ကစားသမား အဲရစ်ဆင်နဲ့ စပါးအသင်းတို့ကြား စာချုပ်သက်တမ်းဟာ လာမယ့်နွေရာသီမှာ ကုန်ဆုံးမှာဖြစ်ကာ ခေါ်ယူမယ့်အသင်းတွေအနေနဲ့  ပြောင်းရွှေ့ကြေးသက်သက်သာသာနဲ့ခေါ်ယူနိုင်မှာဖြစ်ပါတယ်။

ဒါပေမယ့် အက်သလက်တီကိုအသင်းအနေနဲ့ အဆိုပါဒိန်းမတ်လက်ရွေးစင်ကစားသမားကိုခေါ်ယူဖို့အတွက် ယူနိုက်တက်အသင်းနဲ့ အဓိကယှဉ်ပြိုင်ရဖွယ်ရှိနေပါတယ်။

#စပါး #လာလီဂါ #အဲရစ်ဆင်