ရှေ့သို့
Image

နောက်ကျော ဒဏ်ရာကြောင့် အင်္ဂလန် လူစာရင်းကနေ နူတ်ထွက်ခဲ့တဲ့ ယူနိုက်တက် ညာအစွန်လူ ၀မ်ဘစ်ဆာကာ

3:11 PM, 4 September

အာရွန် ၀မ်ဘစ်ဆာကာကတော့ လာမယ့် ယူရို ၂၀၂၀ ခြေစစ်ပွဲအဖြစ် ဘူလ်ဂေးရီးယား၊ ကိုဆိုဗိုတို့နဲ့ ကစားမယ့် အင်္ဂလန်အသင်းရဲ့ လူစာရင်းကနေ နောက်ကျော  ဒဏ်ရာကြောင့် နူတ်ထွက်ခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်အသင်းမှာ အကောင်းဆုံးပုံစံနဲ့ စတင်နိုင်ခဲ့ပြီးနောက် အင်္ဂလန်နည်းပြ ဆောက်ဂိတ်က ၂၁ နှစ်သား ညာနောက်ခံလူကို လက်ရွေးစင် အသင်းအတွက် ပထမဆုံးအကြိမ် ခေါ်ယူခဲ့ပါတယ်။ အင်္ဂလန် လူစာရင်းမှာ ညာနောက်ခံလူ နေရာအတွက် ထရန့် အလက်ဇန္ဒား အာနိုးနဲ့ ကီရင် ထရစ်ပီယား တို့ ရှိပြီးသားဖြစ်တဲ့အတွက် အစားထိုး ခေါ်ယူမှုတော့ ပြုလုပ်မှာ မဟုတ်ပါဘူး။

အင်္ဂလန်အသင်းဟာ စက်တင်ဘာ ၁၀ ရက်နေ့ကျရင် ၀င်ဘာလေမှာ ဘူလ်ဂေးရီးယားနဲ့ ကစားပြီးနောက် သုံးရက်အကြာမှာ ဆောက်သမ်တန် အသင်းရဲ့အိမ်ကွင်း စိန့်မေရီမှာ ကိုဆိုဗို အသင်းတို့ ယှဉ်ပြိုင်သွားရမှာပဲ ဖြစ်ပါတယ်။ ၀မ်ဘစ်ဆာကာ ဒဏ်ရာရသွားတဲ့ သတင်းက စက်တင်ဘာ ၁၄ ရက်နေ့မှာ လက်စတာနဲ့ ကစားမယ့် ပွဲထွက် လူစာရင်းမှာ နည်းပြဆိုးလ်ရှားအတွက် စိုးရိမ်စရာ ဖြစ်လာပါတယ်။

လုခ်ရှောနဲ့ ဒါးလော့ကလည်း ဒဏ်ရာရနေပြီး ဒါမီယန်ကလည်း အပြောင်းအရွှေ့ဈေးကွက် မပိတ်ခင်မှာ ပါးမား အသင်းကို ပြောင်းရွှေ့သွားခဲ့သလို ဖိုဆူမန်ဆတ် ကလည်း ဧပြီလလက ခွဲစိတ်ထားတဲ့ ဒူးဒဏ်ရာကနေ အပြည့်အ၀ ပြန်လည် မသက်သာသေးပါဘူး။

အဲ့ဒါကြောင့် နောက်ခံ အစွန်လူ နေရာမှာ အက်ရှလေယန်းနဲ့ မားကို့စ်ရိုဂျိုတို့သာ ရွေးချယ်စရာ ရှိနေပါတယ်။ ၀မ်ဘစ်ဆာကာဟာ ခရစ္စတယ်ပဲလေ့စ် အသင်းကနေ ပေါင်သန်း ၅၀ နဲ့ပြောင်းရွှေ့ လာ ကတည်းက ခြေစွမ်းကောင်းတွေ ပြသနေခဲ့သော်လည်း အသင်းရဲ့ရလဒ်တွေကတော့ မတည်မငြိမ် ဖြစ်နေပါတယ်။

ပထမပွဲစဉ်မှာ ချဲလ်ဆီးအသင်းကို ၄-၀ နိုင်ခဲ့ပေမယ့် ၀ုဗ်ကို ၁-၁ နဲ့သရေ ၊ ပဲလေ့စ်ကို အိမ်ကွင်းမှာ ၂-၁ နဲ့ ရှုံးနိမ့်ခဲ့ပြီး နောက်ဆုံး ကန်ခဲ့တဲ့ပွဲမှာလည်း ၁၀ ယောက်ကျန် ဆောက်သမ်တန်ကို ၁-၁ နဲ့ သရေသာ ရအောင် ကစားနိုင်ခဲ့ပါတယ်။

#မန်ချက်စတာယူနိုက်တက် #၀မ္ဘစ္ဆာကာ