ရှေ့သို့
Image

ဆန်ချိုရဲ့လူမျိုးရေးခွဲခြားမှုနဲ့ ပတ်သက်တဲ့ မှတ်ချက်စကားကို ဂျွန်ဘန်းစ်ဝေဖန်

10:07 AM, 4 September

ဘောလုံးရေးရာ သုံသပ်သူ ဂျွန်ဘန်းစ်က ဆန်ချိုဟာ ဘောလုံးကစားခြင်းကနေ ရပ်နားသင့်တယ်လို့ ဝေဖန် သွားခဲ့ပါတယ်။ ၁၉ နှစ်အရွယ် ဆန်ချိုက သူချစ်ရတဲ့ အားကစားလောကဟာ လူမျိုးရေး ခွဲခြားမှုတွေကြောင့် ခြိမ်းခြောက် ခံနေရတယ်လို့ မှတ်ချက်ပေးခဲ့တာ ဖြစ်ပါတယ်။ 

ဒါပေမယ့် ဘန်းစ်ကတော့ ဆန်ချိုရဲ့ မှတ်ချက်စကားကို ဝေဖန်ခဲ့ပြီး တကယ့်လူ့ဘ၀ထဲမှာ အဆင့်အတန်း ခွဲခြားခြင်းဆိုတာ ဘာလဲဆိုတာ ကြည့်ရှုသင့်တယ်လို့ ပြောကြားခဲ့ပါတယ်။ 

ဂျွန်ဘန်းစ်က Talksportမှာ ပြောကြားခဲ့ရာမှာ “ဂျာဒန်ကို တကယ့်ကမ္ဘာမှာ လူငယ် လူမည်းတွေ ပညာရေးမရှိ၊ ဘောလုံးမကစားတဲ့ လူငယ်တွေကို ကြည့်ရှုခိုင်းလိုက်ပါ။ သူတို့ ဘယ်လို အဆင့်အတန်း ခွဲခြားခံခဲ့ရတယ် ဆိုတာ သူမြင်မှာပါ။ သူ စာချုပ်သစ် ချုပ်ဆိုလိုက်တယ်လို့ ကျွန်တော် ကြားရပါတယ်။ သူ ဘောလုံးလောကကို စိတ်ကုန်နေတယ်ဆို ဘာလို့ အဲ့ဒီစာချုပ်မှာ လက်မှတ်ထိုးသေးလဲ”လို့ ဝေဖန်ခဲ့ပါတယ်။

ဆန်ချိုဟာ ယခုနှစ်ရာသီမှာ ဒေါ့မွန်အသင်းအတွက် ဆက်လက် ခြေစွမ်းပြနေပြီး ၂ ဂိုးသွင်းယူကာ ၃ ဂိုး ဖန်တီး ပေးထားခဲ့ပါတယ်။ ဆန်ချိုဟာ လက်ရှိမှာတော့ အင်္ဂလန် အသင်းနဲ့အတူ ယူရို ၂၀၂၀ ခြေစစ်ပွဲကစားဖို့ လေ့ကျင့်မှုတွေ ပြုလုပ်လျက် ရှိပါတယ်။ 

#ဆန်ချို