ရှေ့သို့
Image

ဒူးဒဏ်ရာ ခွဲစိတ်ကုသခဲ့ပြီးနောက် ၆ လကြာ အနားယူရတော့မယ့် ချီရယ်လီနီ

9:27 AM, 4 September

ဂျူဗင်တပ်စ် နောက်ခံလူ ချီရယ်လီနီဟာ အင်းစ်ဘတ်မှာ ဒူးဒဏ်ရာ ခွဲစိတ်ကုသမှု ခံယူခဲ့ပြီးနောက် လာမယ့်နှစ် မတ်လအထိ အနားယူရတော့မယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့အပတ် သောကြာနေ့က ပြုလုပ်ခဲ့တဲ့ လေ့ကျင့်ခန်း အစီအစဉ်မှာ ချီရယ်လီနီဟာ ညာဒူးကို အရွတ်ကြောဒဏ်ရာ ရရှိခဲ့တာ ဖြစ်ပါတယ်။ 

ဂျူဗင်တပ်စ်အသင်းရဲ့ တရားဝင် ထုတ်ပြန်ချက်မှာ “ယနေ့ နေ့ခင်းမှာ ချီရယ်လီနီဟာ သူ့ရဲ့ ညာဒူး အရွတ်ကြော ဒဏ်ရာအတွက် ခွဲစိတ်ကုသမှု ခံယူခဲ့ပါတယ်။ ဒီခွဲစိတ်ကုသမှုကို အင်စ်ဘတ်မှာ ပရောက်ဖက်ဆာ ခရစ္စတီယန် ဖင့်ခ်က ပြုလုပ်ခဲ့ပြီး ခွဲစိတ်ကူသမှု အောင်မြင်ခဲ့ပါတယ်။ ပြန်ကောင်းလာမယ့် အချိန်က ၆ လ ၀န်းကျင်လို့ ခန့်မှန်း ရပါတယ်”လို့ ဖော်ပြခဲ့ပါတယ်။ 

ချီရယ်လီနီဟာ ၂၀၀၅ ခုနှစ်က ရိုးမားအသင်းကနေ ပြောင်းရွှေ့လာခဲ့ပြီးနောက် လိဂ်ပွဲစဉ် ၃၈၄ ပွဲ ပွဲထွက် ကစားခဲ့ပါတယ်။ ချီရယ်လီနီဟာ ယမန်နှစ်ရာသီက အသင်းရဲ့ အဓိက နောက်ခံလူအဖြစ် ပါဝင်ခဲ့ပေမယ့် ကြွက်သားဒဏ်ရာကြောင့် လိဂ်ပွဲ  ၂၂ ပွဲသာ ပွဲထွက်ခဲ့ရပါတယ်။ 

#စီးရီးအေ #ခ်ီရယ္လီနီ