ရှေ့သို့
Image

ရော်နယ်ဒိုကြောင့် စပို့တင်းလစ္စဘွန်းကို ဂျီဆေး ရွေးချယ်ခဲ့

1:14 PM, 3 September

စပိန်တောင်ပံကစားသမား ဂျီဆေးရိုဒရီဂွက်ဇ်က စပို့တင်းလစ္စဘွန်းအသင်းနဲ့ ပတ်သက်လို့ ရော်နယ်ဒိုနဲ့ ပြောဖြစ်ခဲ့ပြီးနောက် အဲဒီအသင်းမှာ ပါဝင်ကစားဖို့ စိတ်လှုပ်ရှားနေပြီ ဖြစ်ကြောင်း ဆိုပါတယ်။ ပီအက်စ်ဂျီတိုက်စစ်မှူး ဂျီဆေးဟာ အပြောင်းအရွှေ့နောက်ဆုံးရက်မှာ စပို့တင်းလစ္စဘွန်းအသင်းကို တစ်ရာသီအငှားနဲ့ ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပါတယ်။

ဂျီဆေးဟာ ပီအက်စ်ဂျီအသင်းနဲ့ ၂၀၂၁ အထိ စာချုပ် ချုပ်ဆိုထားပေမယ့် အခု အငှားစာချုပ်ထဲမှာ စပို့တင်းလစ္စဘွန်းက အပြီးသတ် ခေါ်ယူခွင့်လည်း ထည့်သွင်းနိုင်ခဲ့ပါတယ်။ ဘော်လွန်းဒီအော်ဆု ၅ ကြိမ် ရရှိထားတဲ့ ရော်နယ်ဒိုဟာ စပို့တင်း အကယ်ဒမီကနေ ထွက်ပေါ်လာသူဖြစ်ပြီး ၂၀၀၃ ခုနှစ်မှာ စပို့တင်းကနေ ယူနိုက်တက်ကို ပြောင်းရွှေ့သွားခဲ့သူပါ။

'' ရော်နယ်ဒိုက စပို့တင်းနဲ့ ပတ်သက်လို့ အရမ်းကောင်းတဲ့အကြောင်း အမြဲပြောလေ့ရှိပြီး အသင်းဖော်တွေ နဲ့အတူ လေ့ကျင့်ခန်းဆင်းဖို့ အတွက်လည်း စိတ်လှုပ်ရှားနေပါတယ်။ စပို့တင်းက ပေါ်တူဂီရဲ့သမိုင်းဝင်ကလပ်လည်း ဖြစ်ပါတယ် ''လို့ ဂျီဆေးက ပြောပါတယ်။

ဂျီဆေးဟာ ၂၀၁၃-၁၄ ရာသီမှာ ရီးရဲလ်မက်ဒရစ်နဲ့အတူ ကစားခွင့်ရခဲ့ပြီး အသင်းအတွက် ၉၄ ပွဲမှာ ၁၈ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ သူဟာ ပီအက်စ်ဂျီကို ပြောင်းရွှေ့သွားပေမယ့် စုစုပေါင်း ၁၅ ပွဲသာ ကစားခွင့်ရခဲ့ပြီး အခုလို အငှားသွား ကစားနေရတာက ပိုများပါတယ်။

#စပို့တင်း #ဂျီဆေးရိုဒရီဂွက်ဇ်