ရှေ့သို့
Image

ကားတိုက်ခံလိုက်ရသလိုအခြေအနေတွေက ရုတ်တရက်ပြောင်းလဲသွားတယ်ဆိုတဲ့ ထရစ်ပီယာ

11:16 AM, 3 September

ကီရင်ထရစ်ပီယာက တော့တင်ဟမ်အသင်းက သူ့ကိုအမှောင်ထဲမှာထားခဲ့တာကြောင့် သူ့ရဲ့အနာဂတ်က ကားတိုက်ခံလိုက်ရသလို ရုတ်တရက်ပြောင်းလဲသွားကာ အင်္ဂလန်လက်ရွေးစင်အသင်းမှာပါ သက်ရောက်မှုရှိသွားခဲ့တယ်လို့ ထုတ်ဖော်ပြောပြခဲ့ပါတယ်။

ထရစ်ပီယာရဲ့ အက်သလက်တီကိုအသင်းကို ပေါင်သန်း ၂၀ နဲ့ပြောင်းရွှေ့သားခဲ့မှုက ဒီနွေရာသီရဲ့အံ့သြစရာအကောင်းဆုံး အပြောင်းအရွှေ့တွေထဲက တစ်ခုဖြစ်ခဲ့ပါတယ်။

 ဒါပေမယ့် ထရစ်ပီယာကတော့ မနှစ်က စပါးအသင်းမှာ သူ့ရဲ့ခြေစွမ်းတွေရပ်တန့်ပြီး ခက်ခဲတဲ့ရာသီဖြစ်ခဲ့တာကြောင့် အသင်းပြောင်းဖို့ ဆုံးဖြတ်ခဲ့တာလို့ ၀န်ခံခဲ့ပါတယ်။

ထရစ်ပီယာစာ အင်္ဂလန်ရဲ့အအောင်မြင်ဆုံးပြိုင်ပွဲတွေထဲကတစ်ခုဖြစ်တဲ့ ၂၀၁၈ ကမ္ဘာ့ဖလားမှာ အဆင့် ၄ နေရာ ရရှိအောင်စွမ်းဆောင်ပြခဲ့တဲ့ အသင်းရဲ့  အဓိက ကစားသမားတစ်ဦးအဖြစ် ပါဝင်ခဲ့ပါတယ်။

မနှစ်က စပါးအသင်းရဲ့နောက်ပိုင်းပွဲစဉ်တွေမှာ ခြေစွမ်းပြဖို့ရုန်းကန်ခဲ့ရတာကြောင့် ညာခြမ်းခံစစ်ကစားသမားဟာ UEFA နေးရှင်းလိဂ်ပြိုင်ပွဲမှာ သူ့ရဲ့နေရာကိုဆုံးရှုံးခဲ့ပါတယ်။

စပါးကစားသမားဘ၀နောက်ပိုင်းပွဲစဉ်တွေမှာ ခြေစွမ်းကျဆင်းခဲ့တာကို လက်ခံပေမယ့် စပါးအသင်းဘက်က သူ့ကိုရောင်းထုတ်ဖို့ပြင်ဆင်နေတာကို သိခဲ့ရတာကြောင့် ပွဲကစားနေရင်းနဲ့တောင် စိုးရိမ်ခဲ့ရတယ်လို့ဆိုပါတယ်။

ထရစ်ပီယာက “ခရစ္စမတ်ပြီးတော့ ကျွန်တော့်ခြေစွမ်းတွေဆိုးရွားလာခဲ့တယ်။ ကျွန်တော်ထင်တာတော့ ပထမရာသီဝက်က အဆင်ပြေတယ်ဗျ။ ပြောရရင် ကားတိုက်ခံလိုက်ရသလိုပဲ။ ဒိန်းခနဲဖြစ်သွားပြီတော့ အရာအားလုံးက ပုံမှန်လမ်းကြောင်းပေါ်မှာ ရှိမနေတော့ဘူး။ ကျွန်တော်ကောင်းကောင်းလည်း မကစားနိုင်တော့ဘူး။ ကျွန်တော့်ကိုအသင်းက ရောင်ထုတ်တော့မယ်ဆိုတဲ့ သတင်းတွေတွေ့ပါတယ်။ သိပ်တော့အဆင်မပြေပေမယ့် ဒါကဘောလုံးလောကဆိုတော့လည်း တကယ်ဖြစ်သွားခဲ့တာပေါ့ဗျာ”

နည်းပြပိုချက်တီနိုနဲ့စကားပြောတုန်းက သူက “ကျွန်တော့်ကို အသင်းပြောင်းစေချင်တယ်လို့မပြောခဲ့ပါဘူး။ အဲ့ဒီအကြောင်းကို အသင်းဥက္ကဌကိုပြောဖို့လုပ်သေးတယ်။ မန်နေဂျာကို သူ့ရဲ့စီအစဉ်တွေ အကြောင်းပြောပြခဲ့တယ်။ အင်းလို့လည်းမပြော၊ ဟင့်အင်းလို့လည်းမပြောပါဘူး။ အဲ့တော့ ထင်ချင်သလိုထင်ဆိုတဲ့ သဘောပဲ။ စိတ်တော့ပျက်မိတာပေါ့။ အသင်းအတွက်ဆို အရာအားလုံး ပေးဆပ်ခဲ့တာပါ။ အသင်းမှာလည်းဆက်နေချင်တယ်။ စာချုပ်သက်တမ်း ၂ နှစ်တောင်ကျန်သေးတယ်။ ဒါပေယ့် အရာအားလုံးက အကြောင်းအရင်းရှိလို့သာဖြစ်လာတာပါ”

“ကျွန်တော်နဲ့နည်းပြက အဆင်ပြေတယ်။ သူကျွန်တော့်အတွက် အများကြီးလုပ်ပေးခဲ့တယ်။ ကျွန်တော်သူ့ကို လေးစားပါတယ်။ ကျွန်တော်ဥက္ကဌကိုပြောခဲ့တဲ့ အကြောင်းအရာလေးတွေအတွက်တော့ အဖြေပြန်မရခဲ့ပါဘူး။ ဆောက်ဂိတ်ရဲ့ အင်္ဂလန်လက်ရွေးစင်မှာ အရွေးမခံခဲ့ရမှုကိုလည်း ထရစ်ပီယာက ထင်ပြီးသားပါ။ ကျွန်တော်ဂါရတ်နဲ့လည်း မိနစ် ၄၀ လောက်ဖုန်းနဲ့ စကားပြောခဲ့တယ်။ ဖုန်းပြောပြီးတော့ အခန်းထဲမှာ ဆက်ထိုင်နေမိတယ်။ တော်တော်လေးလည်းစိတ်ဓာတ်ကျသွားတယ်”

ဒီလိုတွေဖြစ်လာတာ “ကျွန်တော့် ခြေစွမ်းညံ့ဖျင်းလို့ဖြစ်လာတာလို့ပဲထင်ပါတယ်။ နေရာတိုင်းမှာ အပြိုင်အဆိုင်တွေကရှိနေမှာပဲ နိုင်ငံအသင်းမှာအရွေးမခံရရင်လည်း ကလပ်အသင်းမှာ အကောင်းဆုံးခြေစွမ်းပြနိုင်ရင် ပြန်အရွေးခံရမှာပေါ့။ လက်ရှိအင်္ဂလန် အသင်းရဲ့ညာနောက်ခံလူနေရာမှာ သက်ဆိုက်ရာ ကလပ်အသင်းတွေ အတွက် အကောင်းစွမ်းဆောင်ပြနေတဲ့ ကစားသမား ၄ ယောက် အထိရှိတယ်။အင်္ဂလန်လက်ရွေးစင်အသင်းမှာ ပါဝင်ချင်တယ်ဆိုရင်တော့ အကောင်းဆုံးကစားနိုင်မှရမှာပါဆိုပြီး ရင်ဖွင့်သွားခဲ့ပါတယ်”

#စပါး #ထရစ်ပီးယား