ရှေ့သို့
Image

အသင်းပြောင်းဖို့ ကြေညာခဲ့ပေမယ့် အပြောင်းအရွှေ့မဖြစ်မြောက်ခဲ့လို့ စိတ်ပျက်နေတဲ့ အဲရစ်ဆင်

9:59 AM, 3 September

တော့တင်ဟမ်က ထွက်ခွာတော့မယ်လို့ တရားဝင်ထုတ်ပြောခဲ့တဲ့ ခရစ္စတီယန် အဲရစ်ဆင်ကတော့ အပြောင်းအရွှေ့ အဆင်မပြေခဲ့လို့ စိတ်ပျက်နေတယ်လို့ ဆိုပါတယ်။

စပါးမှာ ၆ နှစ်လောက် နေခဲ့ပြီးနောက် ပြီးခဲ့တဲ့ ဇွန်လက “ ကစားသမားဘ၀မှာ နောက်တစ်ဆင့်တက်နိုင်ဖို့ အသစ်တစ်ခုခုကို စမ်းလုပ်ကြည့်ချင်ပါတယ် “ လို့ ၀န်ခံထားခဲ့ပါတယ်။

သူ့ပရိတ်သတ်တွေကလည်း အားပေးခဲ့ပြီးတော့ ရီးရဲလ်မက်ဒရစ်၊ ဂျူဗင်တပ် နဲ့ ပီအက်စ်ဂျီအသင်းတို့က စိတ်ဝင်စားခဲ့ပေမယ့် အသင်းပြောင်းဖို့ အစီအစဉ်ကတော့ ပျက်ခဲ့ရပါတယ်။

အသက် ၂၇ နှစ်အရွယ် ဒိန်းမတ်ကွင်းလယ် ဖန်တီးရှင်က “ ဒီကိစ္စကမှားတော့ မမှားပေမယ့် ဘောလုံးလောကမှာက ဘာတွေဖြစ်လာမလဲဆိုတာ ကြိုပြီး မသိနိုင်ပါဘူး ဘာမဆို ဖြစ်သွားနိုင်ပါတယ်။

ဘောလုံးမန်နေဂျာ ဂိမ်းထဲကလို ဆုံးဖြတ်ချက် ချနိုင်မယ်လို့ ထင်ခဲ့ပေမယ့် ဖြစ်မလာခဲ့ပါဘူး “ လို့ ပြောခဲ့ပါတယ်။

အဲရစ်ဆင်ရဲ့စာချုပ်က လာမယ့် နွေရာသီမှာ ကုန်ဆုံးမှာဖြစ်ပြီး ဇန်န၀ါရီလက စတင်ကာ နိုင်ငံခြား ကလပ်တစ်ခုခုနဲ့ အကြို သဘောတူညီမှု ပြုလုပ်နိုင်ပြီ ဖြစ်ပါတယ်။

#အဲရစ်ဆင် #တော့တင်ဟမ်