ရှေ့သို့
Image

ရိုင်ယန်ကန့်ကို ပေါင် ၇.၅ နဲ့ ပြန်လည် ခေါ်ယူခဲ့ပြီဖြစ်တဲ့ ရိန်းဂျား

8:16 AM, 3 September

ရိန်းဂျားအသင်းဟာ လီဗာပူး လူငယ် တောင်ပံ ကစားသမား ရိုင်ယန်ကန့်ကို အပြောင်းအရွှေ့ မပိတ်ခင်လေးမှာ ပေါင် ၇.၅ သန်းဖြင့် ခေါ်ယူခဲ့ပြီး ၄ နှစ် စာချုပ် ချုပ်သွားခဲ့ပါတယ်။ ယမန်နှစ်က ရိန်းဂျားအသင်းမှာပဲ တစ်ရာသီ အငှား လာရောက်ကစားခဲ့တဲ့ ကန့်ဟာ ယခုအချိန်မှာတော့ စကော့တလန်ကို အပြီးသတ် ပြောင်းရွှေ့သွားခဲ့တာ ဖြစ်ပါတယ်။

ကန့်ဟာ ယမန်နှစ်က အထူး ခြေစွမ်းပြနိုင်ခဲ့ပြီး ပရိသတ်တွေရဲ့ အချစ်တော် ကစားသမားဖြစ်ခဲ့သလို စကော့တလန်လိဂ်ရဲ့ ပီအက်ဖ်အေ တစ်နှစ်တာ အကောင်းဆုံး လူငယ် ကစားသမားဆုကို ရရှိခဲ့ပါတယ်။ အငှားစာချုပ် သက်တမ်း ကုန်ဆုံးချိန်မှာတော့ ကန့်ဟာ လီဗာပူးအသင်းနဲ့အတူ  ရာသီကြို အမေရိကန် ခရီးစဉ်မှာ ပါဝင်ခဲ့ပါတယ်။

ဒါပေမယ့် တောင်ပံမှာ ဆာလက်နဲ့ မာနေးတို့ ရှိနေခဲ့တာကြောင့် ကန့်ဟာ ပွဲထွက်ခွင့် အာမခံချက်ရှိတဲ့ ရိန်းဂျားအသင်းကို အပြီးသတ် ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။ ရိန်းဂျား ပရိသတ်တွေဟာ ကန့်ကို တရားဝင် ကြေညာမှုဟာ အပြောင်းအရွှေ့ ပိတ်ခါနီး ၁၀ မိနစ် အလိုအထိ မဖြစ်ပေါ်လာသေးလို့ စိတ်ပူခဲ့ကြပါသေးတယ်။

ဒါပေမယ့် ညသန်းခေါင်ယံ အချိန်မှာတော့ ရိန်းဂျားအသင်းက လူမှုကွန်ရက်မှာ “ခင်ဗျားတို့ အားလုံး စိတ်အေး အေး ထားလို့ ရပါပြီ”လို့ ရေးသားခဲ့ပြီး ကန့်ကို ခေါ်ယူနိုင်ခဲ့ပြီ ဖြစ်ကြောင်း တရားဝင် ကြေညာသွားခဲ့ပါတယ်။ 

#ရိန်းဂျားစ် #စကော့တလန် #ရိုင်ယန်ကန့်