ရှေ့သို့
Image

လော်ရန်တေးကို ၂ နှစ်စာချုပ်နဲ့ ခေါ်ယူနိုင်ခဲ့ပြီ ဖြစ်ကြောင်း နာပိုလီ တရားဝင် ကြေညာ

6:57 PM, 2 September

နာပိုလီအသင်းဟာ တော့တင်ဟမ် တိုက်စစ်မှူး ဖာနန်ဒို လော်ရန်တေးကို ခေါ်ယူနိုင်ခဲ့ပြီ ဖြစ်ကြောင်း ကြေညာ ခဲ့ပါတယ်။ ၃၄ နှစ်အရွယ် တိုက်စစ်မှူးဟာ တော့တင်ဟမ်အသင်းနဲ့ ပြီးခဲ့တဲ့နှစ် ရာသီကုန်မှာ စာချုပ်သက်တမ်း ကုန်ဆုံးခဲ့တာ ဖြစ်ပါတယ်။

လော်ရန်တေးဟာ ယခင်က ဂျူဗင်တပ်စ်အသင်းမှာ ၂ နှစ်ကြာ ကစားခဲ့ပြီး ယခုအချိန်မှာတော့ ပြိုင်ဘက် နာပိုလီ အသင်းကို ပြောင်းရွှေ့ကာ အီတလီကို ပြန်လာခဲ့တာ ဖြစ်ပါတယ်။ လော်ရန်တေးဟာ ယမန်နှစ်က တော့တင်ဟမ်ကို ချန်ပီယံလိဂ် ဗိုလ်လုပွဲ ရောက်ရှိအောင် စွမ်းဆောင်ပေးခဲ့ပါတယ်။

တော့တင်ဟမ်မှာ ကစားခဲ့တဲ့ ၂ နှစ်ကြာ ကာလအတွင်းမှာ လော်ရန်တေးဟာ ၁၃ ဂိုး သွင်းယူခဲ့ပြီး ဟယ်ရီကိန်းရဲ့ နောက် အဓိက ကစားသမား ဖြစ်လာခဲ့ပါတယ်။ နာပိုလီ ဥက္ကဌ ဒီလော်ရန်းတစ်က ယနေ့ နံနက်မှာပဲ လော်ရန်တေးရဲ့ ဓာတ်ပုံကို လူမှုကွန်ရက်မှာ တင်ခဲ့ပါတယ်။

#တော့တင်ဟမ် #လော်ရန်တေး