ရှေ့သို့
Image

သြဂုတ်လအတွက် ပီအက်ဖ်အေ တစ်လတာ အကောင်းဆုံးဆုကို တီမို ပက်ကီ ဆွတ်ခူး

6:04 PM, 2 September

နောဝစ်ခ်ျတိုက်စစ်မှူး တီမို ပက်ကီဟာ သြဂုတ်လရဲ့ ပရီးမီးယားလိဂ် တစ်လတာ အကောင်းဆုကို ဆွတ်ခူး သွားခဲ့ပါတယ်။ ပက်ကီဟာ တန်းတက်လာတဲ့ နောဝစ်ခ်ျအသင်းမှာ ပရီးမီးယားလိဂ်မှာ ၄ ပွဲသာ ကစားရ သေးပေမယ့် ၅ ဂိုးအထိ သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဖင်လန်တိုက်စစ်မှူးဟာ နယူးကာဆယ်နဲ့ ပွဲစဉ်မှာ ဟက်ထရစ် သွင်းယူနိုင်ခဲ့သလို ပရီးမီးယားလိဂ် အသင်းကြီး တွေဖြစ်တဲ့ လီဗာပူးနဲ့ ချဲလ်ဆီးအသင်းတွေကိုလည်း ဂိုးသွင်းနိုင်ခဲ့ပါတယ်။ ပက်ကီဟာ နာမည်ကျော် ကစားသမားတွေ ဖြစ်တဲ့ ဒီဘရိုင်း၊  မေဆင်မောင့်၊ အက်ရှ်လေ ဘန်းစ် နဲ့ တိုင်ရွန် မင်းစ်တို့ကို ကျော်ဖြတ်ကာ အဆိုပါဆုကို ရရှိခဲ့တာ ဖြစ်ပါတယ်။

ပက်ကီဟာ ယမန်နှစ်ရာသီက ချန်ပီယံရှစ်မှာ ၂၉ ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီး ထိပ်တန်း ဂိုးသွင်းရှင် ဖြစ်ခဲ့ပါတယ်။ နိုင်ငံတကာ ပွဲစဉ်တွေအပြီးမှာတော့ ပက်ကီဟာ သူ့ရဲ့ အကောင်းဆုံးပုံစံကို ဆက်ထိန်းထားနိုင်ဖို့ မျှော်လင့် ရပါတယ်။

ဒါပေမယ့် နောဝစ်ခ်ျအသင်းဟာ နိုင်ငံတကာ ပွဲစဉ်တွေ အပြီးမှာတော့ လက်ရှိ ချန်ပီယံ မန်စီးတီးအသင်းနဲ့ ပွဲကျပ် ရင်ဆိုင်သွားရဖို့ ရှိနေပါတယ်။

#နောဝစ်ခ်ျ #ပက်ကီ