ရှေ့သို့
Image

ချီချာရီတို ဟာနန်ဒက်ဇ်ကို တရားဝင် ခေါ်ယူခဲ့ပြီဖြစ်တဲ့ ဆီဗီလာ

5:16 PM, 2 September

ဆီဗီလာအသင်းဟာ ၀က်စ်ဟမ်း တိုက်စစ်မှူး ချီချာရီတို ဟာနန်ဒက်ဇ်ကို ခေါ်ယူနိုင်ခဲ့ပြီ ဖြစ်ကြောင်း တရားဝင် ကြေညာခဲ့ပါတယ်။ ဟာနန်ဒက်ဖ်ဟာ ဆီဗီလာအသင်းနဲ့ ၃ နှစ်စာချုပ် ချုပ်ဆိုခဲ့တာ ဖြစ်ပါတယ်။

၃၁ နှစ်အရွယ် တိုက်စစ်မှူးဟာ ဘရိုက်တန်အသင်းနဲ့ ပွဲစဉ်မှာ ၀က်စ်ဟမ်း အသင်းအတွက် သွင်းဂိုးတစ်ဂိုး ရယူ ပေးခဲ့ပါသေးတယ်။ ၀က်စ်ဟမ်းအသင်းကို ရောက်ရှိခဲ့ချိန်ကစပြီး ဟာနန်ဒက်ဇ်ဟာ ၆၃ ပွဲမှာ ၁၇ ဂိုး သွင်းယူ ပေးခဲ့ပါတယ်။ 

ဝက်စ်ဟမ်းအသင်းဟာ ဖရန့်ဖတ် တိုက်စစ်မှူး ဟော်လာ၊ ဘေဆယ် တိုက်စစ်မှူး အေဂျက်တီတို့ကို ခေါ်ယူ ထားခဲ့တာကြောင့် ဟာနန်ဒက်ဇ်အနေနဲ့ ပွဲထွက်ခွင့်ရဖို့ ရုန်းကန်လာရတာ ဖြစ်ပြီး အသင်းက ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ 

ဟာနန်ဒက်ဇ် ပြောင်းရွှေ့တော့မယ့် ဆီဗီလာအသင်းဟာ လက်ရှိ လာလီဂါမှာ အဆင့် ၃ နေရာတွင် ရပ်တည်လျက် ရှိနေပါတယ်။ 

#လာလီဂါ #ဆီဗီလာ #ဝက်စ်ဟမ်း