ရှေ့သို့
Image

အင်္ဂလန် အသင်းကနေ ချန်လှပ်ခံခဲ့ရတဲ့ ဝေါ်လ်ကာကို ဆက်လက်တိုက်ပွဲဝင်ဖို့ ဂွါဒီယိုလာတိုက်တွန်း

2:38 PM, 31 August

အင်္ဂလန်လူစာရင်းကနေ ချန်လှပ်ခံခဲ့ရတဲ့ နောက်ခံလူ ကိုင်လီ ဝေါ်လ်ကာကို နည်းပြ ဂွါဒီယိုလာက ပွဲတွေပေါ်မှာ ဆက်လက်အာရုံစိုက်ထားဖို့နဲ့ တိုက်ပွဲဝင်ဖို့ တိုက်တွန်းသွားခဲ့ပါတယ်။

မန်စီးတီး ညာနောက်ခံလူ ဝေါ်ကာဟာ ကြာသပတေးနေ့က ထုတ်ပြန်ခဲ့တဲ့ အင်္ဂလန်အသင်းရဲ့ လူစာရင်းမှာ အံ့အားသင့်ဖွယ် ချန်လှပ်ခံခဲ့ရတာ ဖြစ်ပါတယ်။

ဂွာဒီယိုလာဟာ ဝေါ်လ်ကာနဲ့ ရာသီကြို ခရီးစဉ်မှာ တစ်ကြိမ်၊ ကွန်မြူနတီဒိုင်းမှာ တစ်ကြိမ် အချိန်ကြာမြင့်စွာ ဆွေးနွေးခဲ့ကြပါတယ်။

ဂွာဒီယိုလာကတော့ ဝေါ်လ်ကာဟာ အင်္ဂလန်အသင်းရဲ့ လူစာရင်းမှာ ပြန်လည်ပါဝင်လာနိုင်မယ်လို့ ယုံကြည်ကြောင်း ပြောကြားသွားခဲ့ပါတယ်။

"ကိုင်လီ စိတ်တည်ငြိမ်နေစဉ်မှာ သူက ဘာလုပ်ရမယ်ဆိုတာကို သိပြီး အမြဲတမ်း စွမ်းဆောင်ရည် ကောင်းမွန်ခဲ့ပါတယ်။ ခြေစွမ်းတည်ငြိမ်စွာနဲ့ အမြဲ ရှိနေပေးပါတယ်။ သူက အရမ်ကောင်းတဲ့ ကစားသမားဖြစ်ပြီး မကြာခင်မှာ သူပြန်လာမှာပါ။ သူ ရာသီအစပွဲစဉ်တွေမှာ အကောင်းဆုံး စွမ်းဆောငခဲ့ပါတယ်။ ၀မ်ဘစ်ဆာကာနဲ့ အာနိုးလ်တို့ဟာလည်း အကောင်းဆုံး နောက်ခံလူတွေပါပဲ။ သူ လက်ရွေးစင်အသင်းမှာ ပြန်ပါနိုင်ဖို့
 ခြေစွမ်းဆက်ပြဖို့ လိုပါတယ်"လို့ ဂွာဒီယိုလာက ပြောခဲ့ပါတယ်။

အလားတူ လူငယ်ကွင်းလယ်လူ ဖိုဒန်ရဲ့ ပွဲထွက်ကစားခွင့် နည်းပါးနေမှုအပေါ်မှာလည်း တောင်းပန်သွားခဲ့ပါတယ်။

ဖိုဒန်ဟာ ယခုနှစ်ရာသီ မန်စီးတီးအသင်းအတွက် ၁၀မိနစ်သာ ကစားခွင့်ရထားခဲ့ပါတယ်။ ဖိုဒန်ဟာ အင်္ဂလန် ယူ-၂၁ လူစာရင်းမှာ ပါဝင်ခဲ့တဲ့အချိန်မှာ အသင်းဖော်ဟောင်းတွေဖြစ်တဲ့ မက်ဒီဆင်နဲ့ မေဆင်မောင့်တို့ကတော့ အသင်းကြီး လူစာရင်းမှာ ရွေးချယ်ခံနေရပါတယ်။

#ကိုင်လီ ဝေါ်ကာ