ရှေ့သို့
Image

လေ့ကျင်ရေးကွင်းမှာ ပြင်းထန်စွာ ဒဏ်ရာ ရခဲ့တဲ့ ဂျူဗင်တပ်စ် နောက်ခံလူ ချီရယ်လီနီ တစ်ရာသီလုံး နားရဖွယ်ရှိနေ

11:39 AM, 31 August

ဂျော်ဂျီယို ချီရယ်လီနီဟာ လေ့ကျင်ရေးကွင်းမှာ ပြင်းထန်တဲ့ ဒူးဒဏ်ရာ ရရှိပြီးနောက် ဂျူဗင်တပ်စ်အသင်းပွဲစဉ်များကို တစ်ရာသီလုံး လွဲချော်သွားရဖွယ် ရှိနေပါတယ်။

တူရင်အသင်းဟာ ချီရယ်လီနီရဲ့ဒဏ်ရာနဲ့ ပက်သက်ပြီး အတည်ပြုကြေညာချက် ထုတ်ပြန်ထားပါတယ်။

အီတလီလက်ရွေးစင်ဟာ သောကြာနေ့ လည်ပိုင်းတွင် ဗီနိုဗိုမှာ ဆင်းတဲ့ လေ့ကျင်ရေးမှာ ပြင်းထန်တဲ့ ခြေထောက်အရွတ်ဒဏ်ရာ ရရှိခဲ့တာပါ။

ဘယ်အချိန်မှာ ဒဏ်ရာသက်သာလာမလဲ မသိရသေးပေမယ့် ချီရယ်လီနီဟာ အနည်းဆုံး ၆လကနေ ၇လအထိ အနားယူရနိုင်တယ်လို့  သိရပါတယ်။

လာမယ့်ရက်ပိုင်းအတွက် အဆိုပါဝါရင့် နောက်ခံလူကြီးရဲ့ ဒဏ်ရာကို သေချာစမ်းသပ် စစ်ဆေး သွားမယ်လို့  ဂျူဗင်တပ်စ် အသင်းက အတည်ပြုထားပါတယ်။

အသက်၃၅နှစ်အရွယ် နောက်ခံကစားသမားဟာ အိုးလေဒီတွေနဲ့ အတူ ရာဦအစကို ခြေစွမ်းပြထားပြီး ကိုယ်တိုင် ၁ဂိုးသွင်းယူထားသလို ပါးမားနဲ့ ပွဲမှာလည်း အသင်းအတွက် cleansheet ရယူပေးထားပါတယ်။

ချီရယ်လီနီရဲ့ ဒဏ်ရာကြောင့် အေဂျက်ကနေ ခေါ်ယူထားတဲ့ လူငယ်နောက်ခံလူ မက်သီးယက်စ် ဒီလစ်ခ်ျ နေရာရလာဖွယ် ရှိနေပါတယ်။

#စီးရီးအေ #ခ်ီရယ္လီနီ